အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်လက်ဖြစ်တဲ့ သရုပ်ဆောင်အိချောပိုကတော့ ဇာတ်ကားုရိုက်ကူးမှုတွေနဲ့မအားမလပ်နိုင်ဖြစ်နေပါတယ်။

အရပ်ရှည်ရှည် နဲ့အမိုက်စားbody ကြောင့် ပရိသတ်အခိုင်အမာရရှိထားတဲ့ အိချောပိုဟာ သင်္ကြန်တုန်းက သူမရဲ့ ဖက်ရှင်ဝတ်စားပုံတွေက ရေပန်းစားခဲ့ပါတယ်။

အိချောပိုဟာ လက်တလောမှာ ပြင်ဦးလွင်မြို့ရှိ အ င်းယားကျေးရွာ တွင် ဒါရိုက်တာပြည်ဟိန်းသီဟ ဖန်တီးရိုက်ကူးနေတဲ့ ရွာခံအုပ်ကြီး ရုပ်ရှင်ဇာတ်ကားမှာ ရွာလူကြီးကတော်အဖြစ် ပါဝင် သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။

''အိချောဒီဇာတ်ကားမှာရွာလူကြီး ရဲ့ ဇနီး အဖြစ် ပါဝင်သရုပ်ဆောင်ထားတယ်။ဇာတ်လမ်းပုံစံကတော့ဟာသပုံစံလေးပါ။ 

တစ်ရွာလုံးက ကြောက်ရတဲ့ ခပ်စွာစွာ ကောင်မလေးအဖြစ် ပုံစံ သရုပ်ဆောင်ထားတယ်။ပထမ ရွာသူလေးတစ်ယောက်အဖြစ်နဲ့ ရိုးရိုးအေးအေး ခပ်စွာစွာ တော်သူမလေးတစ်ယောက်ပုံစံပါ ၊နောင််ပိုင်း ကိုယ့်ယူလိုက်တဲ့ ယောကျင်္ားက ရွာလူကြီးဖြစ်သွားတော့ ကိုယ့်နဲ့အတူ ငယ်စဉ်ကတည်းက ပေါင်းသင်းလာတဲ့ သူငယ်ချင်းတွေကိုပါ မတူသလိုမတန်သလိုဆက်ဆံတဲ့ပုံစံတွေဖြစ်လာတော့ အားလုံးနဲ့ မတဲ့ တော့ဘူး။ဇာတ်ရုပ်ကိုသဘောကြလိုရိုက်ကူးဖြစ်တာဒီနှစ်ကအိချော

ဇာတ်ကားကြီးတွေပိုအရိုက်များတယ်။ကာရိုက်တာ

အသစ်အဆန်းတွေလည်းချ ပြဖို့ရှိတယ်''လို့ပြောပါတယ်။v 

သတင်းအရင်းမြစ် POSH Magazin Myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။