AFF U18 ပြိုင်ပွဲဝင်မြန်မာအသင်းကတော့ ဒီနေ့မှာတီမောအသင်းကိုအနိုင်ယူပြီးအုပ်စုကတက်လှမ်းနိုင်ဖို့အခြေအနေတွေကောင်းသွားခဲ့ပါတယ်။မြန်မာအသင်းအတွက်တစ်လုံးတည်းသောအနိုင်ဂိုးကိုတော့မိနစ်၇၀မှာမိုးဆွေကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။မြန်မာအသင်းဟာခုချိန်မှာ၃ပွဲကစား၉မှတ်ဂိုးကွာခြားချက်နဲ့ဒုတိယနေရာမှာရပ်တည်နေတာပါ။

မြန်မာအသင်းဟာအုပ်စုတက်ဖို့ဆိုမဖြစ်မနေအနိုင်ယူရမှာဖြစ်တာကြောင့်ပွဲစကတည်းကအကောင်းဆုံးဖိအားပေးကစားနိုင်ခဲ့တာပါ။လာအိုအသင်းနဲ့ပွဲစဉ်ကလူစာရင်းကိုအနည်းငယ်သာအပြောင်းအလဲလုပ်ထားခဲ့ပြီးထိရောက်တဲ့ခြေစွမ်းတွေပြသနိုင်တာပါ။တီမောအသင်းရဲ့ခံစစ်ကလည်းအကောင်းဆုံးရှင်းထုတ်တာကြောင့်ဂိုးရဖို့ခက်ခဲပြီးဒုတိယပိုင်းမှသာဂိုးသွင်းယူနိုင်ခဲ့တာပါ။

မြန်မာအသင်းဟာ၁၂ရက်နေ့မှာတော့တီမောအသင်းနဲ့ညနေ၆:၃၀အချိန်မှာယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။အုပ်စုနောက်ဆုံးပွဲစဉ်မှာတော့အင်ဒိုအသင်းနဲ့အုပ်စုဗိုလ်လုပွဲကစားရမှာဖြစ်ပါတယ်။ပရိသတ်တွေအတွက်အနိုင်ရလဒ်တွေနဲ့ပျော်ရွှင်အောင်ဖန်တီးပေးခဲ့တဲ့မြန်မာအသင်းvideoလေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

Source:MFF

Video:Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။