Relationship တစ်ခုတည်ဆောက်ဖို့ဆိုတာ တကယ်တော့ လွယ်မလိုလိုနဲ့ ခက်ခဲတဲ့ကိစ္စပါ။ အသွင်မတူတဲ့ သူစိမ်းဘဝကနေ ချစ်သူရည်းစားတွေ အိမ်ထောင်ဖက်ဘဝအထိ ပေါင်းဖက်ကြဖို့ဆိုတာ စိတ်တူကိုယ်တူ နားလည်မှုတွေရှိနေမှဖြစ်မှာပါ။ သူက မိန်းကလေးမို့ ယောကျာ်းလေးမို့ ဆိုပြီး အပြန်အလှန်တွက်ကပ်ပြီး နားလည်မှုမထားတဲ့ အချစ်ရေးကတော့ ဘယ်တော့မှ ရေရှည်မမြဲတာများပါတယ်။ 

(၁) ချစ်သူရည်းစားထားတယ်ဆိုတာ တစ်ဦးနဲ့တစ်ဦး ပျော်ရွှင်အောင်ထားဖို့လည်းလိုပါတယ်။ ချစ်နေပမယ့်လည်း လိုတာထက်ပိုပြီး သူနဲ့ပတ်သက်လို့အမြဲတမ်းစိတ်ဆင်းရဲနေရရင်တော့ အဲ့ဒီအချစ်ရေးကို သင်ကိုယ်တိုင် အဆုံးသတ်ပါ။

(၂)စိတ်တူကိုယ်တူ ဖြစ်ဖို့လိုပါတယ်။ အဲ့ဒီလိုမှမဟုတ်ပဲ သင့်ချစ်သူက သင်လုပ်သမျှကို အမြဲတမ်းဆန့်ကျင်ဘက် ကနကောဇတိုက်နေရင်တော့ မဖြစ်တော့ပါဘူး။ဥပမာ နှစ်ယောက်အတူ သီချင်းသွားဆိုတဲ့အခါမှာ သင်နဲ့အတူ သူကလိုက်ပြီးမပျော်နိုင်တဲ့အပြင် သင့်ကို ငြိုငြင်လာတာမျိုးပေါ့။ 

(၃)သင်တစ်နေရာရာသွားတော့မယ်ဆိုရင် သူ့ကိုအသိပေးတဲ့အခါ ဘယ်သူနဲ့သွားတာလဲ စသဖြင့် သံသယတွေမကြာခဏဝင်ပြီး ချုပ်ချယ်လာပြီဆိုရင်တော့ Bye Bye လုပ်လိုက်ပါတော့။ဒါဟာ ရေရှည်အတွက် မကောင်းတော့ပါဘူး။ 

(၄)ဒီအချက်ကတော့ သင့်ရဲ့ မိသားစု သူငယ်ချင်းတွေနဲ့ လူမှုရေးကိစ္စတွေ သာရေး နာရေးကိစ္စတွေမှာပါ လိုက်ပြီး လွှမ်းမိုးတာပါ။ သင့်ကို မသွားစေချင်တာမျိုး သူနဲ့ပဲ တစ်ချိန်လုံး အတူရှိစေချင်တာမျိုးဟာ ကိုယ့်ကို တစ်ဖက်မှာလည်း လူမှုရေးပျက်ကွက်တဲ့သူတစ်ဦးဖြစ်စေပါတယ်။ 

(၅)သဝန်တိုတယ်ဆိုတာ အရမ်းချစ်လို့ ဆိုပြီး အချို့က ခံယူထားကြပါတယ်။ မှန်ပါတယ်။ ဒါပေမယ့် လူဆိုတာ အသွေးအသားနဲ့ ကစားစရာအရုပ်မှမဟုတ်တာ ကြာလာတော့ ထွက်ပေါက်ရှာလာတတ်ပါတယ်။ သင့်ကို နေရာတကာ ဟိုယောကျာ်းလေးသူငယ်ချင်းနဲ့မတွဲနဲ့ ဟိုမိန်းကလေးသူငယ်ချင်းတွေနဲ့ မနှုတ်ဆက်နဲ့ စသဖြင့် သဝန်တိုတာဟာ သင်အလုပ်ထဲမှာဆိုရင်လည်း သူ့ကြောင့် မျက်နှာပျက်ရတာတွေရှိလာနိုင်သလို ရေရှည်အတွက် မဖြစ်ပါဘူး။ကိုယ့်ကို တခြားကောင်မလေးတွေဝိုင်းကြိုက်နေရင်တောင်မှ အော် ငါ့ချစ်သူက စွံတယ် ဂုဏ်ယူတယ်ကွာ ဆိုပြီး သူ့ကို ချီးကျုးစကားပြောပေးလိုက်တာက သူလဲ သင့်ကိုပိုရင်းနှီးချစ်ခင်လာစေပါတယ်။ 

(၆) သင့်ရဲ့ အောင်မြင်မှုကြိုးစားမှုရလာဒ်တွေကို အကောင်းမမြင်ပေးနိုင်တာပေါ့။ ဥပမာ သင်ဘွဲ့တွေအများကြီးရရင်တောင် ဒီဟာလေးတတ်တာနဲ့ ဘာမှလုပ်လို့မရပါဘူးလို့ သင့်ကြိုးစားမှုတွေကို အသိအမှတ်မပြုပေးနိုင်ဘူးဆိုရင် သင်တို့အချစ်ရေးက ပျော်စရာမကောင်းတော့ပါဘူး။ ချစ်သူဆိုတာ တစ်ယောက်အောင်မြင်မှုတစ်ယောက် အသိအမှတ်ပြုပေးသင့်ပါတယ်။ 

(၇) သင်တို့နှစ်ယောက်အတွက် အနာဂတ်အစီစဉ်တွေမှာ သင့်အတွက်ထည့်မစဉ်းစားခြင်း။ သင်ကပဲ သူနဲ့လက်ထပ်ဖို့စိတ်အားထက်သန်ပြီး ကြိုးစားနေပေမယ့် သူ့ဘက်ကတော့ သင်နဲ့ပတ်သက်ရင် သူ့ရဲ့ အနာဂတ်အစီစဉ်ထဲမှာ မထည့်တဲ့အပြင် တခြားလူတွေအတွက်ပဲ ထည့်တွက်နေရင်တော့ သင်စိတ်ပင်ပန်းရပါလိမ့်မယ်။ 

(၈) ဘာလုပ်လုပ် သင့်ကိုပဲ အပြစ်မြင်နေတတ်ခြင်း.။ ဘာကိစ္စကြောင့်ပဲရန်ဖြစ်စကားများများ သူက သင့်ကိုပဲ အမြဲတမ်း မကောင်းမြင် အပြစ်တွေတင်နေရင်တော့ သင်တို့ရဲ့ အချစ်ရေးက ကြာလာတာနဲ့အမျှ အပျက်ပျက်နဲ့နှာခေါင်းသွေးထွက်လာပါလိမ့်မယ်။ ဒါ့ကြောင့် စောစောစီးစီး ပြတ်သားလိုက်ပါ။ 

(၉)မိန်းကလေးတွေအနေနဲ့ အထူးသတိထားရှောင်ရမယ့်အချက်ပါ။ စိတ်လိုက်မာန်ပါ နဲ့ ကိုယ့်ကို ရိုက်နှက်တတ်တဲ့ချစ်သူကောင်လေး မျိုး ရှိရင်တော့ ဆက်တွဲနေရင် အိမ်ထောင်ရေးမှာပါ ထိခိုက်စေနိုင်ပါတယ်။ လက်နဲ့ ရွယ်တာတောင်မှ လွန်လှပါပြီ။ ဒါ့ကြောင့်ကိုယ့်ကို ထိခိုက်နာကျင်အောင် လုပ်တဲ့ချစ်သူဆိုရင် လမ်းခွဲလိုက်တာအကောင်းဆုံးပါ။

Source : Bloggers Arena 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။