ပရိသတ်တွေကြားမှာ အောင်မြင်မှုတွေဆက်တိုက်ပိုင်ဆိုင်ထားနိုင်တဲ့ အောင်လအန်ဆန်းတစ်ယောက်ကတော့လက်ရှိ သာယာပျော်ရွှင်စရာမိသားစုဘဝလေးကို ဖြတ်သန်းနေပါပြီ။ မကြာသေးမီကလည်း ကမ္ဘာ့အကောင်းဆုံးဖိုက်တာတစ်ဦးအဖြစ်ရွေးချယ်ခံခဲ့ရပြီး မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့တာလည်းတွေ့ရပါတယ်။ ချစ်စရာသားလေးတစ်ယောက်ကိုပိုင်ဆိုင်ထားတဲ့ အောင်လအန်ဆန်းကတော့ အမွေခံသားတစ်ယောက်ကို ပိုင်ဆိုင်နိုင်ခဲ့ပါပြီ။ အောင်လအန်ဆန်းရဲ့ တစ်ဦးတည်းသောသားဖြစ်သူ အောင်ဒီးကတော့ နှစ်ဖက်မိသားစုတိုင်းရဲ့ အချစ်တော်တစ်ယောက်ဖြစ်တဲ့အပြင် အောင်လအန်ဆန်းရဲ့ အသည်းစွဲလေးလည်းဖြစ်ပါတယ်။  

မကြာခဏ အောင်လအန်ဆန်းကတော့ သားဖြစ်သူနဲ့ပတ်သက်ပြီး ရင်ဖွင့်ပြောပြမှုတွေရှိတာ တွေ့ရပါတယ်။ မကြာသေးမီကလည်း လက်ဝှေ့ပါသနာပါတဲ့ သားဖြစ်သူအောင်ဒီးကို BJJ သင်ယူမှု့အတွက် နည်းပြ Bruna " Durinho " Burns ထံအပ်နှံ့ပေးခဲ့ကြောင်း သိရပါတယ်။ သင်တန်းကို ကိုယ်တိုင်လိုက်အပ်ပေးပြီး သင်တန်းဝတ်စုံနဲ့အတူ အဖေတူသားတစ်ယောက်ဖြစ်ဖို့ မျှော်လင့်ခဲ့တာပဲဖြစ်ပါတယ်။ ဒါအပြင်အောင်လအန်ဆန်းကတော့ ပြည်တွင်းမှာလည်းကိုယ်ခံပညာသင်တန်းကျောင်းဖွင့်ဖို့မျှော်လင့်ထားကြောင်း ပြောပြထားတာတွေ့ရပါတယ်။  

အသက် ၄ နှစ်သာရှိသေးတဲ့ သားဖြစ်သူအောင်ဒီးအတွက် မျှော်လင့်ချက်ကြီးကြီးထားသူတစ်ယောက်ဖြစ်ပြီး အနာဂတ်သူရဲကောင်းတစ်ယောက်ဖြစ်ဖို့ကိုလည်း ပြုလုပ်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ ဖခင်ကဲ့သလို ဝါသနာကို ပြသလာပြီဖြစ်တဲ့ အောင်လအန်ဆန်းရဲ့ အချစ်တော်အောင်ဒီးရဲ့ သင်တန်းပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

PHOTOS - AUNG LA 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။