ဒီဓာတ်ပုံလေးတွေကို အဆိုတော်ကော်နီက သူမရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ တင်ထားတာပါ။

အပျိုကြီးမမအဆိုတော် ကော်နီအပါအဝင် ဂီတဘုရင်ကြီး ထူးအိမ်သင် ၊ စိမ်းမို့မို့ ၊အင်္ဂလန်စိန် ၊မီမီဝင်းဖေ ၊တင်ဇာမော် ၊ ဇော်ပိုင် ၊ချောစုခင် ၊ ဆုန်သင်းပါရ် ၊အောင်ရင် စတဲ့ တစ်ချိန်က ဒိတ်ဒိတ်ကျဲ အဆိုတော်တွေလည်း ပါဝင်ပါတယ်။ 

“ထာဝရ အမှတ်တယရှိနေမဲ့ ကိုယ့်ဘဝရဲ့ ကြုံဆုံခဲ့ကြရတဲ့ အနုပညာမောင်နှမများ အဖြူစင်ဆုံးစိတ်ထားနဲ့ အမြဲတမ်းချစ်ပါတယ်” ဆိုပြီး အနုပညာမောင်နှမတွေအတူရိုက်ကူးထားတဲ့ အမှတ်တရပုံလေးတွေနဲ့အတူ ရေးပြီး ကော်နီက တင်ထားပါတယ်။

နာမည်ကျော် အဆိုတော်တွေရဲ့ ငယ်ဘဝက ပုံရိပ်လေးတွေကို ပြန်မြင်လိုက်ရတော့ ပရိသတ်ကြီးရော ပြန်သတိရသွားပြီလား ။

ကွယ်လွန်သွားပြီဖြစ်တဲ့ ထူးအိမ်သင်ကိုတော့ အမြဲတသသလွမ်းနေမိမှာပါ။  

သတင်းအရင်းမြစ် Htun Connie

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။