ကိုရီးယားကားတွေလူကြိုက်များရတဲ့အကြောင်းရင်းမှာ မင်းသားမင်းသမီးတွေ

သရုပ်ဆောင်ပီပြင်တာကြောင့်လဲပါပါတယ် ။ Drama တစ်ကားရိုက်တိုင်း

စိတ်ကိုနှစ်ပြီးသရုပ်ဆောင်တတ်တဲ့ သူတို့ထဲမှာ စိတ်နှစ်ရင်း စိတ်ပါပါသွားတဲ့

ရုပ်ရှင်ဖူးစာတွေလဲရှိကြပါတယ်တဲ့ ။ ရုပ်ရှင်ထဲမှာချစ်ရင်း အပြင်မှာပါတကယ်

ချစ်သူဖြစ်သွားတဲ့ အတွဲတွေကိုကြည့်ကြရအောင်နော် ။

Lee Chung Ah & Lee Ki Woo (Flower Boy Ramen Shop)
ချစ်သက်တမ်း ၄ နှစ်ကျော်ပါပြီ ။ ခုချိန်ထိ လက်တွဲမြဲနေတုန်းပါပဲ ။
Goo Hye Sun & Ahn Jae Hyun (Blood)
သွေးစုပ်ဖုတ်ကောင်ဆရာဝန်လေးဇာတ်ရုပ်ကိုပီပြင်ခဲ့တဲ့အပြင် F4 မင်းသမီးမမကြီးကိုပါ ဇနီးအဖြစ်အပိုင်သိမ်းနိုင်ခဲ့သူပါ ။ ဇနီးကိုအလွန်ဂရုစိုက်သူအဖြစ်နာမည်ကြီးပါတယ် ။
Park Han Byul & Jung Woo (One Well-Raised Daughter)
2013 က ရုပ်ရှင်ရိုက်ရင်းချစ်ကြိုက်ခဲ့ကြပြီး 2015 မှာတော့ခွာပြဲသွားကြပါတယ် ။
Ji Hyun Woo & Yoo In Na (Queen In Hyun’s Man)
ဒီဇာတ်ကားလေးကမြန်မာမှာလွှင့်ပြီးသားနော် ။ မင်းသားက အဲဒီကားထဲကမင်းသမီးကို အပြင်မှာတကယ်ချစ်မိသွားတဲ့အခါ ကျွန်တော့ရဲ့ ဆင်မလေး လို့ချစ်စနိုးခေါ်တာကိုပရိတ်သတ်တွေ နှစ်သက်ခဲ့ကြပါတယ် ။ နှမြောစရာကောင်းတာက သူ့တို့ရဲ့ အချစ်ရေးက ခုချိန်မှာပြတ်ဆဲသွားခဲ့ပြီပဲဖြစ်ပါတယ် ။
Lee Min Ho & Park Min Young (City Hunters)
သူတို့ကိုတော့သိတယ်ဟုတ် ။ ချစ်သူဟောင်းတွေပါ ။ လီမင်ဟိုကတော့ ခုချိန်မှာ ဆူဇီနဲ့ သာယာနေပြီလေ ။
Ji Sung & Lee Bo Young (Save The Last Dance For Me)
ရုပ်ရှင်အတူတူရိုက်ရင်းပိုးခဲ့ရတယ်ဆိုတဲ့မင်းသားက ခုချိန်မှာတော့ သူချစ်တဲ့မင်းသမီးနဲ့ လက်ထပ်ပြီးကလေးတွေတောင်ရနေပါပြီ ။
Lee Chun Hee & Jun Hae Jin (Smile)
အသက် ၉ နှစ်ကွာပေမယ့်သိပ်ချစ်ကြတဲ့အတွဲပါ ။ ခုဆိုသမီးလေးတစ်ယောက်တောင်ရနေပါပြီ ။
Han Ga In & Yun Jung Hoon (Yellow Handkerchief)
သူတို့ကတော့ စီနီယာအကျဆုံးပါပဲ ။ စချစ်ခဲ့တဲ့အချိန်ကနေခုထိဆို 12 နှစ်ကျော်လောက်ရှိနေပါပြီ ။
Hyun Bin & Song Hye Kyo (The World That They Live In)
ချစ်ကြိုက်ခဲ့ဖူးကြပေမယ့် မင်းသားကအချစ်သစ်တောင်ရနေပါပြီ ။ မင်းသမီးကတော့ တကိုယ်ထဲပါပဲ ။
On Joo Wan & Jo Bo Ah (Surplus Princess)
ရေသူမကားရိုက်ရင်းချစ်သွားတဲ့အတွဲပါ သို့ပေမယ့် ၂ နှစ်အကြာမှအကြောင်းပြချက်မရှိလမ်းခွဲသွားကြပါတယ် ။
Kim Bum & Moon Geun Young (Goddess of Fire)
အိုးမင်းသားလို့နာမည်ကြီးတဲ့ မင်းသားနဲ့ အွန်စောအငယ်လေးတို့အတွဲပေါ့ ။ သူတို့လဲပြတ်ဆဲသွားကြပါပြီ ။
Eugene & Ki Tae Young (Creating Destiny)
သူတို့ကတော့ 2011 မှာလက်ထပ်ခဲ့ကြတာပါ ။
Nam Joo Hyuk & Lee Sung Kyung (Weightlifting Fairy Kim Bok Joo)
ဒါလေးကတော့ ပူပူနွေးနွေးစုံတွဲလေးပေါ့ ။ မကြာသေးခင်ကမှပြီးဆုံးသွားတဲ့ အလေးမနတ်သမီး ဇာတ်ကားလေး ပြီးနောက်မှာ သူတို့နှစ်ဦးချိန်းတွေ့တယ်ဆိုတဲ့ဓါတ်ပုံတွေပေါက်ကြားပြီးနောက် အေဂျင်စီက အတည်ပြုပေးလိုက်တာပဲဖြစ်ပါတယ် ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။