AFC-UEFA Assist ယူ၁၆ လေးနိုင်ငံဖိတ်ခေါ် ဘောလုံးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ၁၅အသင်း၏ official training အစီအစဉ်ကို သြဂုတ်လ ၁၂ ရက် ညနေပိုင်းက ပြိုင်ပွဲကျင်းပမည့် မန္တလာသီရိဘောလုံးကွင်း အတွင်း ပြုလုပ်ခဲ့ပါတယ်။နည်းပြသစ်လက်ထက်မှာအကောင်းဆုံးရလဒ်တွေနဲ့ပရိသတ်တွေရဲ့ယုံကြည်မှုကိုရအောင်ခုချိန်ကတည်းကအကောင်းဆုံးလေ့ကျင့်ခန်းတွေနဲ့ပြင်ဆင်နေတာဖြစ်ပါတယ်။

AFC-UEFA Assist ယူ၁၆ လေးနိုင်ငံဖိတ်ခေါ် ဘောလုံးပြိုင်ပွဲကို သြဂုတ် ၁၄ရက်မှ ၁၈ရက်အထိ ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်မြန်မာအသင်းသည် အဖွင့်ပွဲစဉ်တွင် အင်ဒိုနီးရှားယူ-၁၆ အသင်းနှင့် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။မြန်မာအသင်းဟာဒီပြိုင်ပွဲမှာ မွန်တီနီဂရိုး၊တောင်ကိုရီးယားနဲ့အင်ဒိုနီးရှားအသင်းတွေကိုယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

မြန်မာယူ၁၅အသင်းဟာဒီပြိုင်ပွဲမတိုင်ခင်အာစီယံယူ၁၅ပြိုင်ပွဲကိုလည်းဝင်ရောက်ယှဉ်ပြိုင်ဘူးပြီး ရလဒ်ဆိုးတွေနဲ့ကြုံတွေ့ထားရတာဖြစ်ပါတယ်။ပရိသတ်တွေမျှော်လင့်ထားတဲ့ခြေစွမ်းမျိုးကိုမပြနိုင်တာကြောင့်ပရိသတ်တွေရဲ့ဝေဖန်မှုကိုခံနေရတာဖြစ်ပါတယ်။ဒါကြောင့်နည်းပြအဖြစ်ဦးမင်းသူကိုခန့်အပ်ပြီးယှဉ်ပြိုင်မှာဖြစ်တာကြောင့်ဘယ်လိုရလဒ်တွေစွမ်းဆောင်နိုင်မလဲဆိုတာကတော့စောင့်ကြည့်အားပေးကြပါဦးနော်။

Source:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။