ပါကစ္စတန်နိုင်ငံ ကရာချီမြို့မှာတော့ အိဒ်ပွဲတော် အကြိုညမှာ မိုးကြီးပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် မိုးဟာ နှစ်ရက်လောက်ဆက်တိုက် သည်းထန်စွာရွာသွန်းနေတာကြောင့် လမ်းတွေပါ ရေတွေမြုပ်နေတယ်လို့သိရပါတယ်။

ဒါ့အပြင် အခုလိုရေကြီးမှုတွေကြောင့်ဆိုရင်လည်း ၎င်းဒေသမှာ လူ ၈ ဦးလောက်သေဆုံးခဲ့တယ်လို့သိရပါတယ်။

သေဆုံးရတဲ့အကြောင်းရင်းကတော့ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်လာရကနေ လျှပ်စစ်ကြိုးတွေနဲ့မိထိကာ ဓာတ်လိုက်သေဆုံးကြတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၎င်းဒေသအတွင်းမှာမိုးကြိုးမုန်တိုင်းကတစ်ဆင့်ဖြစ်ပေါ်လာတဲ့ မိုးကြီးမှုတွေကြောင့် လျှပ်စစ်မီးတွေကိုလည်း ဖြတ်တောက်ထားရပါတယ်။

၎င်းဒေသမှာနေထိုင်တဲ့ ဒေသခံပြည်သူတွေကိုလည်း မိုးရွာသွန်းနေချိန်မှာ လျှပ်စစ်နဲပတ်သတ်တဲ့ ပစ္စည်းတွေနဲ့ ဝေးဝေးမှာနေကြဖို့ ကြေညာချက်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

Source _ Livemint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။