ကမ္ဘာနေရာအနှံ့မှာဆိုရင် ခရီးသွားတွေကို ဆွဲဆောင်လျက်ရှိတဲ့နေရာတွေရှိပါတယ်။ အဲ့လိုဆွဲဆောင်မှုတွေကလဲ မတူညီကြပါဘူး...ပြီးတော့ ခရီးသွားတွေကလဲ ကိုယ်နဲ့အရသာထပ်တူခံစားလို့ရမဲ့ နေရာတွေကိုပဲ သွားရောက်လည်ပတ်ကြစမြဲပါ။ တချို့ကြ စွန့်စွန့်စားစားခရီးထွက်ရတာကိုကြိုက်ပြီး တချို့ကြတော့ ကြည်ကြည်နူးနူးအေးအေးချမ်းချမ်းသွားလို့ရတဲ့နေရာတွေကို သဘောကျခရီးထွက်ကြတယ်။ ဘာပဲဖြစ်ဖြစ်ပါ ခုဆိုရင်တော့ ရင်ခုန်စိတ်လှုပ်ရှားစွာ သွားရောက်လည်ပတ်လို့ရတဲ့နေရာတွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။ 

Mount Washington, USA - Bad Weather Condition

သင့်အနေနဲ့ အဲ့ဒီနေရာကို ခရီးထွက်မယ်ဆိုရင် အရင်ဆုံး ရာသီဥတုအခြေအနေကို ကြည့်ရပါမယ်။ ဘာလို့လဲဆိုတော့ အဲ့နေရာဟာ ကမ္ဘာပေါ်မှာ အမြန်ဆုံး လေတိုက်နှုန်းမြင့်တဲ့နေရာဖြစ်ပြီး နှင်းတွေကလဲ အမြဲတမ်းလိုလိုကျနေတက်ပါတယ်။ 

Snake Island, Brazil

ဒီကျွန်းကိုတော့ ပရိသတ်တချို့လဲ သိကြမယ်လို့ထင်ပါတယ်။ အဲ့ကျွန်းရဲ့ ဘယ်နေရာမှာမဆို မြွေတွေပဲရှိတာမို့ ပရိသတ်ကြီးအနေနဲ့ သွားရောက်မလည်ချင်လောက်ပါဘူး။

Volcano Land - Indonesia

Indonesia ရဲ့ ကျွန်းဖြစ်တဲ့ Sumatra ကျွန်းမှာဆိုရင် မီးတောင်အရှင်တစ်ခုရှိပြီး ဒီနေ့ ဒါမှမဟုတ် မနက်ဖြန်ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှမသိကြပါဘူး။ အဲ့မှာနေတဲ့သူတွေလဲရှိပါတယ်။

Crocodile Farm - Thailand

သင်အနေနဲ့ စွန့်စားခရီးထွက်ရတာကို ဝါသနာပါရင် အဲ့နေရာကို သွားရောက်ပြီး မိကျောင်းတွေကို အစားကျွေးလိုက်ပါ။ မိကျောင်းတွေပြည့်နေတဲ့ ကန်အလယ်မှာ ရှိနေတာမို့ သင့်အနေနဲ့ ကောင်းမွန်မှာပါ။

Sharks - Brazil

Brazil ဟာသွားလည်လို့ကောင်းတဲ့နေရာတစ်ခုဖြစ်ပေမဲ့ ရေထဲမှာ အမြဲလိုလို ငါးမာန်တွေရှိနေတက်ပါတယ်။ သွားလည်လို့တော့ကောင်းပါတယ်...ဂရုစိုက်ပေါ့။

Hua Shan Mountain - China

တောင်တွေတက်ရတာကို ဝါသနာပါတဲ့သင့်အတွက်တော့ အဆင်ပြေမှာပါ။ တောင်တက်ခရီးထွက်လို့ကောင်းတဲ့နေရာပါ...ပုံမှာကြည့်ချင်အားဖြင့် သိရှိနိုင်ပါတယ်။

Selfie Point - Norway

ဒီနေရာကတော့ သင့်ကို ဓာတ်ပုံကောင်းစေမှာဖြစ်ပြီး သွားရောက်သူတွေများပြားနေတာကိုလဲ တွေ့ရှိရမှာပါ။ လေကောင်းလေသန်လဲရပြီး ပုံရိုက်ဖို့လဲကောင်းပါတယ်။ အဲ့လို အမြင့်ရောက်နေတာတောင် ဘာအကူအညီ ဘာမှလုံခြုံစိတ်ချစေမဲ့ အရာတွေ တစ်ခုမှ မရှိတဲ့နေရာဟာလဲ သင့်အတွက် စွန့်စားစရာပါပဲ။

El Caminito Del Rey - Spain

ဒီလမ်းလေးကတော့ လျှောက်လို့ကောင်းစေမှာပါ...ပြီးတော့ ကမ္ဘာမှာ ထူးဆန်တဲ့လမ်းတွေထဲက တစ်ခုဖြစ်ပြီး ချောက်ကမ်းပါ နှစ်ခုကိုဆက်ထားတဲ့နေရာဖြစ်ပါတယ်။

Cliff - Ireland

ဒီနေရာနဲ့ပတ်သတ်ပြီး လူတွေက ပုံတွေ ဗီဒီယိုတွေ ပြန်လည်မျှဝေနေကြပေမဲ့ အဲ့နေရာရဲ့အကြောင်းကိုတော့ မပြောကြပါဘူး။ အဲ့နေရာမှာတိုက်တဲ့နေဟာဆိုရင် မတည်ငြိမ်ပါဘူး ပြီးတော့ မိုးဟာလဲ ဘယ်ချိန်ရွာမယ် ရွာရင်တောင် ဘယ်လောက်ရွာမလဲ ဆိုတာပြောပြမရပါဘူး။ တခြားသော ကိစ္စများစွာလဲရှိပါတယ်။

Wasteland - The Marshall Island

အရင်တုန်းကအဲ့နေရာမှာနေတဲ့သူတွေဟာ တကယ်ကို Paradise ပါပဲ...ဒါပမေဲ့ခုချိန်မှာတော့ စွန့်ပစ်နယ်မြေဖြစ်သွားပါပြီး။ ဘာလို့လဲဆိုတော့ အဲ့နေရာမှာ ရေဒီယိုသတ္တုကြွတွေအများကြီးရှိပြီး အမျိုးမျိုးသော် စမ်းသပ်မှုတွေရှိနေတာမို့ အဲ့နေရာကို ပိတ်လိုက်ရပါတယ်။

Source : Bloggers Arena 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။