လတ်တလောလူမှုကွန်ယက်ပေါ်မှာဆိုရင်တော့ Daily Mail သတင်းဌာနက တင်ပေးလာတဲ့ဗီဒီယိုလေးတစ်ခုဟာ အင်တာနက်သုံးစွဲသူတွေကြားမှာ ရေပန်းစားနေတာကိုတွေ့ရပါတယ်။

၎င်းဗီဒီယိုလေးကတော့ Bonor Gabriel တို့မိသားစုလေးရဲ့ ကြည်နူးဖွယ်ရာ ဗီဒီယိုလေးတစ်ခုပဲဖြစ်ပါတယ်။

Bonor Gabriel တို့ မိသားစုလေးကတော့ အိမ်နီးနားချင်းတွေပါ အားကျရတဲ့ ရတဲ့ မိသားစုလေးတစ်စုဖြစ်ပြီး လူမှုကွန်ယက်ပေါ်မှာဆိုရင်လည်း သူတို့မိသားစုရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေကြသူတွေ များစွာရှိနေကြတယ်လို့ သိရပါတယ်။

အမျိုးသမီးလေးဟာ သူ့ခင်ပွန်းပေါ် ခုန်တက်လိုက်တဲ့အချိန်မှာဆိုရင်လည်း မျက်နှာကအပြုံးတွေက သူမဘယ်လောက်ပျော်နေလဲဆိုတာ ဖော်ပြပေးနေသလို အနောက်ကလေးငယ်လေးဟာဆိုရင်လည်း အပြုံးတွေဝေဆာပြီး ခုတင်ပေါ်ကနေ ခုန်ချလိုက်ချိန်မှာ မျက်နှာက အပြုံးတွေက ဖုံးဖိမရလောက်အောင်ပေါ်လွင်နေတာကြောင့် သူ့အနေနဲ့ မိဘတွေနဲ့ အခုလိုဆော့ကစားရတာ အရမ်းပျော်ရွှင်နေတယ်လို့ ထင်ပါတယ်။

လူမှကွန်ယက်သုံးစွဲသူတွေကြားမှာဆိုရင်လည်း ယခုလိုမျိုး ဗီဒီယိုလေးတွေဟာ ရေပန်းစားလှသလို ပြန်လည်မျှဝေကြတဲ့သူတွေဟာလည်း များစွာရှိနေကြတာပဲဖြစ်ပါတယ်။

သူတို့မိသားစုရဲ့ဒီဗီဒီယိုလေးကိုကြည့်ရတာ အရမ်းကြည်နူးစရာကောင်းတာပဲနော် ပရိသတ်ကြီး။ပရိသတ်ကြီးရော ဒီလိုမျိုး မိသားစုဘဝလေး မပိုင်ဆိုင်ချင်ကြဘူးလား။

Source – Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။