ကျွန်တော်တို့လူသားတွေဟာ ကမ္ဘာပေါ်မှာ တီထွင်မှုအများကြီးကို တွေ့ရှိဖူးကြမှာပါ။ အဲ့တီထွင်မှုတွေရဲ့ အသုံးဝင်ပံကိုလဲ လူတိုင်းသိရှိနားလည်ကြပါတယ်။ တချို့သော် တီထွင်မှုတွေကတော့ ပျင်းရိတဲ့သူတွေအတွက် ဒါမှမဟုတ် သက်တောင့်သက်သာဖြစ်ချင်တဲ့သူတွေအတွက်တော့ အဆင်ပြေပါတယ်။ ခုဆိုရင်လဲ သာမန်တီထွင်မှုမဟုတ်ပဲ ထူးထူးဆန်းဆန်း နဲ့ အသုံးဝင်စေမဲ့ တီထွင်မှုတွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။ 

Airless Tires

သင်ရဲ့နေစဉ်ဘဝကို လွယ်ကူသက်သာစေမဲ့ တီထွင်ဖန်တီးမှု ပစ္စည်းတွေအများကြီးရှိပါတယ်။ အဲ့ဟာတွေထဲက တစ်ခုဖြစ်တဲ့ လေမရှိတဲ့တာယာကတော့ သင့်အနေနဲ့ အဆင်ပြေစေမဲ့ထင်ပါတယ်။ သတ္တုတစ်မျိုးနဲ့ပြုလုပ်ထားတာဖြစ်ပြီး ဘယ်မျက်နှာပြင်ပေါ်မဆို သွားလာနိုင်ပါတယ်။  

Comfortable Bed

သင်အိမ်မှာ သက်တောင့်သက်သာအဖြစ်စေဆုံးကတော့ ကုတင်အိပ်ရာပါပဲ။ ပုံပါကုတင်ကတော့ သင့်ကို သာမန်ကုတင်နဲ့မတူစေပဲ အညောင်းအညာပြေမှုတွေ အသံတွေနဲ့ တခြားသော အိပ်စက်ဖို့အတွက် အကောင်းဆုံးဖြစ်စေမဲ့ စနစ်တွေပါဝင်ပါတယ်။

Clothing Folding Machine

အင်္ကျီကိုခေါက်ရတာ ပျင်းရိသူ စိတ်ညစ်သူတွေအတွက် ဒီစက်က သင့်အင်္ကျီကို ခေါက်ပေးပါတယ်။  

Smart Wallet

ပိုက်ဆံအိတ်တစ်ခုလိုလဲ သုံးရသလို Power Bank တစ်ခုလိုလဲ သုံးလို့ရပါတယ်။ အဲ့အပြင် သင့်ပိုက်ဆံအိတ်ကို ခိုးသွားတဲ့သူရဲ့ ပုံကိုလဲ ရိုက်ပေးပါသေးတယ်။ Volterman ပိုက်ဆံအိတ်ပါ.....။

Multi Use Backpack

လွယ်အိတ်က လေးကောင်းလေးနိုင်တယ် ဒါပေမဲ့ သင်ခြေထောက်တွေ ညောင်းရင် ထိုင်ဖို့လဲ ထိုင်ခုံပါတယ်။ စွန့်စွန့်စားစားခရီးထွက်မဲ့ သင့်အတွက် အဆင်ပြေစေပါတယ်။

Whiskey Shoes

လိုချင်တာ ဒီလိုဖိနပ်ကွ.....ပွဲတွေဘာတွေသွားလို့ အရက်ယူသွားဖို့ခွင့်မပြုရင် ဒီဖိနပ်လေးက အဆင်ပြေစေမှာပါ။ စည်ကမ်းချိုးဖောက်တာမှန်ပေမဲ့ ပုလင်းလေးက မဆိုသလောက်လေးပါ။

Smart Mirror

ဒီမှန်လေးကတော့ သင့်ရဲ့ အလေးချိန် ဘာညာ စတာတွေကို ပြပေးပါတယ်။ အဲ့အပြင် ဝိတ်ဘယ်လောက်ကျ ဘယ်လောက်တက်တယ်ဆိုတာကို ပြတဲ့အပြင် ဖုန်းတစ်ခုလိုပဲ ရာသီဥတုအခြေအနေအပြင် တခြားသော အရာတွေကိုလဲ ပြပါတယ်။

Head Case Luggage

ဒီလိုအိတ်ကတော့ သင့်ရဲ့ အိတ်ကို အလွယ်တကူသိရှိစေပြီး သင့်က ဘယ်လိုလူလဲဆိုတာကိုပါသိရှိစေပါတယ်။  

Source : Bloggers Arena 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။