၂၀၁၈ခုနှစ်မှာဆို များပြားစွာသော အမှတ်တရတွေရှိခဲ့ကြပြီး ဆိုးရွားတဲ့ ကိစ္စတွေလဲရှိခဲ့သလို ကောင်းမွန်စေတဲ့ ကိစ္စတွေလဲရှိခဲ့ကြပါတယ်။ အဲ့လိုတွေရှိတဲ့ထဲကမှ Social Media ကိုကြီးစိုးသွားတဲ့ အရာတွေလဲအများကြီးရှိပါတယ်။ Video တွေ ဓာတ်ပုံတွေ Challenge တွေစသဖြင့်ပေါ့...။ ဒါပေမဲ့ခုချိန်မှာတော့ အဲ့လိုကြီးစိုးသွားတဲ့ Challenge တွေကိုဖော်ပြသွားမှာဖြစ်ပါတယ်။ 

Neymar Challenge

ကမ္ဘာ့ဖလားမှာ Neymar ဖြစ်သွားတဲ့ ဟန်ဆောင်လဲချမှု ဒိုက်ထိုးပုံကို ပရိသတ်ကြီးလဲ သိရှိမှာပါ။ အဲ့ဒီဟာက Challenge တစ်ခုဖြစ်ခဲ့ပြီး လူတွေ လိုက်လုပ်ခဲ့ကြပါတယ်။ အောက်မှာ Video လေးကြည့်လိုက်ပါ။ 

Snoot Challenge

ဒီဟာလေးကတော့ ကိုယ့်ရဲ့အိမ်မွေးခွေးလေးရှေ့မာ လက်ကိုအဝိုင်းပုံစံလုပ်ပြီး ခွေးကို အကွင်းထဲ နှားခေါင်းစွပ်ခိုင်းတဲ့ Challenge တစ်ခုဖြစ်ပါတယ်။

Dele Alli Challenge

ဒီ Challenge ကတော့ တော်တော်လေးကို လူတွေအကြား Social Media ပေါ်မှာ နာမည်ကြီးခဲ့တာမို့ ပရိသတ်ကြီးလဲ သိရှိကြပြီတာဖြစ်ပါတယ်။

Karma Challenge

ဒီဟာကတော့ Tip Top ကစခဲ့တဲ့ဆိုပေမဲ့လဲ ပြုလုပ်ခဲ့သူတွေအများကြီးပါပဲ။ နဂိုရုပ်နဲ့ အလှပုံတို့ ယှဉ်တာပါပဲ။

Kiki challenge

လူတိုင်းနီးပါ လိုက်လုပ်ကြပြီး တွေ့ရှိဖူးကြတဲ့ Challenge ပါပဲ။ အလုပ်ကောင်းလို့ အဖမ်းခံရတာလဲရှိပါတယ်။

Invisible Challenge

Justin ဆိုတဲ့ မျက်လှည့်ဆရာတစ်ယောက်က လူတစ်ယောက်ကို အဲ့လူ ကိုယ်ပျောက်သွားတယ်ဆိုတာ ယုံကြည်အောင် လှည့်စားတဲ့ Challenge တစ်ခုပါပဲ။ ပရိသတ်ကြီးလဲ Video တွေတွေ့မှာပါ။

Fluff Challenge

အိမ်မွေတိရစ္ဆာန်တွေကို စနောက်တဲ့ Challenge ပါပဲ...ပရိသတ်ကြီးလဲ သိရှိမှာပါ။

Falling Stars Challenge

ဒီ Challenge လေးကတော့ သူတို့ရဲ့ ပိုက်ဆံ ချမ်းသာကြွယ်ဝမှု အကြိုက်ဆုံးအရာတွေ ဘေးမှာဖြန့်ကျဲပြီး လဲပြတဲ့ Challenge တစ်ခုပါပဲ။ တော်တော်မိုက်တဲ့ Challenge ဖြစ်ပြီး ပရိသတ်ကြီးလဲ သိပါတယ်။

Source : Bloggers Arena 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။