ဒီနေ့မနက်အစောပိုင်းကယှဉ်ပြိုင်ကစားသွားခဲ့ကြတဲ့ လီပါပူးအသင်းနဲ့ချယ်လ်ဆီးအသင်းတို့ရဲ့ UEFA Super Cup ပွဲစဉ်မှာတော့ လီပါပူးအသင်းကပယ်နတီနဲ့ဗိုလ်စွဲခဲ့ပါတယ်။ဒီပြိုင်ပွဲကတော့ချန်ပီယံလိဒ်ချန်ပီယံနဲ့ယူရိုပါလိဒ်ချန်ပီယံတို့ယှဉ်ပြိုင်ရတဲ့ဖလားလည်းဖြစ်ပါတယ်။

ဒီနှစ်သင်းလုံးကတော့ အင်္ဂလန်ပရီးမီးယားလိဒ်ကအသင်းတွေဖြစ်တာကြောင့်ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပါတယ်။အဖွင့်ပွဲစဉ်မှာ ရလဒ်ကောင်းတွေပိုင်ဆိုင်ထားတဲ့ လီပါပူးအသင်းကတော့ပုံစံကောင်းတွေပြသနိုင်ခဲ့ပြီး အဖွင့်ပွဲမှာဂိုးပြတ်ရှုံးနိမ့်ထားတဲ့ချယ်လ်ဆီးအသင်းကလည်း အကောင်းဆုံးခြေစွမ်းတွေပြသနိုင်ခဲ့ပါတယ်။နှစ်သင်းလုံးကတော့အကောင်းဆုံးလူစာရင်းတွေနဲ့ပွဲထွက်လာခဲ့တာဖြစ်ပြီးပရိသတ်တွေအကြိုက်ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။

ဒီပွဲစဉ်အဖွင့်ဂိုးကိုတော့ ဥရာပပြိုင်ပွဲတွေမှာဂိုးတွေသွင်းယူလေ့ရှိတဲ့ ဂီရော့ကပဲ၃၆မိနစ်မှာသွင်းယူပေးခဲ့ပါတယ်။ပါပူးအသင်းရဲ့ခြေပဂိုးကိုတော့၄၈မိနစ်မှာမာနေးကသွင်းယူခဲ့ပါတယ်။ဒုတိယပိုင်ပွဲပြီးချိန်ထိဂိုးတွေမသွင်းတော့တာကြောင့်အချိန်ပိုကစားခဲ့ပြီး ၉၅မိနစ်မှာမာနေ့ကဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ချယ်လ်ဆီးအသင်းကလည်းခြေပဂိုးရဖို့ကြိုးစားရင်း၁၀၁မိနစ်မှာ ဂျော်ဂျင်ဟိုကခြေပဂိုးသွင်းခဲ့ကာသရေကျနေတာကြောင့်ပယ်နတီကန်ခဲ့ရပါတယ်။ပယ်နတီကန်သွင်းရာပါပူးအသင်းက၅လုံးဝင်ပြီးချယ်လ်ဆီးအသင်းက၄လုံးသာဝင်ခဲ့ပြီးအနိုင်ရဗိုလ်စွဲသွားတာပါ။အကြိတ်အနယ်နဲ့ပွဲကောင်းဖြစ်တဲ့ ပါပူးအသင်းရဲ့ video လေးကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ကပါတယ်။

Source:Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။