ရဲမေကို "အချစ်ကလေးရေ လုပ်ပေး" ဟု ပြောသူကို ပုဒ်မသုံးခု တပ် ဖမ်းဆီးလိုက်တဲ့သတင်းကိုတင်ပြလိုက်ပါတယ်။

ဖြစ်စဉ်မှာ ဧပြီ ၂၇ ရက်နံနက်ပိုင်း ပိုးတန်းရပ်ကွက် နေ အသက် ၂၈ အရွယ်အမျိုးသားတစ်ဦးသည် စစ်ကိုင်းမြို့မရဲစခန်းသို့ ထောက်ခံစာ လာတောင်းစဉ် ရပ်ကွက်ထောက်ခံစာနှင့် မှတ်ပုံတင် မပါ၍ တာဝန်ကျ ရဲမေမှ လုပ်မပေးနိုင်ကြောင်း ပြောဆိုခဲ့သည်။ထိုအခါ အဆိုပါ ထောက်ခံစာ လာတောင်းသူက တာဝန်ကျ ဒုရဲအုပ်ရဲမေကို ပါးကိုင်၍ “ ချစ်လေးရာ လုပ်ပေးလိုက်ပါ” ဟု ပြောသဖြင့် ပုဒ်မ သုံးခုနှင့် ဖမ်းဆီးခံခဲ့ရကြောင်း ၄ငး်ရဲစခန်းမှ သတင်းရရှိသည်။ 

"ရဲမေပါးကို ကိုင်ပြီး အချစ်ကလေး လုပ်ပေးဟု အဲဒီကောင်က ပြောတာ။ အဲဒါနဲ့စခန်းမှူ းသွားတိုင်တော့ --ါသယ်မတွေဆိုပြီး ဆဲဆိုလို့ အမှုဖွင့်ဖွင့်ပြီး ဖမ်းတာပါ။ ဆေးရုံဆေးစစ်ချက် ယူရာမှာလည်း အဲဒီလူက အရက်မူးနေတယ်လို့ သိရတယ်။ အရင်က ရဲပြေးနဲ့ ထောင်ကျပြီး ထွက်လာရတဲ့ သူလို့ သိရပါတယ်" ဟု စစ်ကိုင်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြစ်မှုကျူးလွန်သော အမျိုးသားကို ရဲစခန်းမှ တာဝန်ကျ ဝန်ထမ်းအားနှောင့်ယှက်မှု၊ ညစ်ညမ်းစွာဆဲမှု၊ မိန်းမ အိန္ဒြေပျက်စေမှု တို့ဖြင့်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

Source: MonywaNews

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။