ပရိသတ်ကြီးရေ မြန်မာပြည်ရဲ့လျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့ အကယ်ဒမီနေတိုးကတော့ အနုပညာသက်တမ်းကလည်း ၁၀နှစ်ကျော်ပြီဖြစ်လို့ ပရိသတ်အင်အားအခိုင်အမာနဲ့ရပ်တည်နေတာကိုတွေ့ရပါတယ်နော်။နေတိုးကတော့ အနုပညာနယ်ပယ်မှာ စွယ်စုံရတဲ့အနုပညာရှင်ကြီးလို့ ပရိသတ်တွေက ချီးကျူးနေကြတာဖြစ်ပါတယ်။နေတိုးကလည်း အလုပ်တစ်ခုကို စိတ်ရောကိုယ်ပါနှစ်ပြီးလုပ်ဆောင်သူဖြစ်လို့ အခုလိုအောင်မြင်မှုတွေရနေတာပါနော်။

ခေတ်နဲ့သစ်တို့မေမေ ချစ်သုဝေကတော့ သမီးလေးနှစ်ဖက်နဲ့ပဲ အနုပညာအလုပ်တွေကို နိုင်သလောက်လေးလုပ်ဆောင်နေပြီး သမီးတွေကိုလည်း အချိန်ပြည့်ဂရုစိုက်နေပါတယ်။ချစ်သုဝေက ရုပ်ရှင်ဇာတ်ကားကြီးတွေတော့မရိုက်ကူးသေးပေမယ့် ကြော်ငြာလေးတွေနဲ့ ဖိတ်ကြားတဲ့ပွဲလေးတွေကိုတော့ လက်ခံပြီးအချိန်ပေးနေတာကိုတွေ့ရပါတယ်နော်။ချစ်သုဝေကလည်း ကလေးနှစ်ယောက်အမေလို့ ထင်ရက်စရာမရှိလောက်အောင် အရမ်းလှတဲ့သူဖြစ်ပါတယ်။

အခုဆိုရင်တော့ မင်းသားချောနေတိုးနဲ့ မင်းသမီးချော ချစ်သုဝေတို့ အနုပညာမောင်နှမနှစ်ယောက်ကတော့ စိန်နန်းတော်ကြော်ငြာရိုက်ကွင်းမှာ ဆုံကြပြီး နှစ်ယောက်သားက အရမ်းခင်မင်ရင်းနှီးကြပါတယ်နော်။နေတိုးကလည်း ခန့်ညားချောမောတဲ့အသွင်အပြင်နဲ့ ချစ်သုဝေကလည်း နတ်သမီးလေးတမျှလှပတဲ့အလှအပတွေက အရမ်းကိုလိုက်ဖက်ညီပြီး နေနဲ့လရွှေနဲ့မြလိုတင့်တယ်နေတဲ့ နေတိုးနဲ့ချစ်သုဝေတို့ အနုပညာမောင်နှမနှစ်ယောက်ရဲ့ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါရစေနော်။

Source:Sein Nan Daw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။