ကလေးတစ်ယောက်လိုဖြူစင်လွန်းတဲ့အပြုအမူလေးတွေကြောင့် ပရိသတ်တွေရဲ့အားပေးမှုတွေကို တစ်ခဲနက်ရရှိထားသူကတော့ မင်းသမီးချောလေး နန်းဆုရတီစိုးပဲ ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်ဘက်တွင် ထူးချွန်ရုံသာမကပဲ အဆိုဘက်မှာလည်းတော်လွန်းသူတစ်ယောက်ပါ။ သူမဝါသနာပါတဲ့ အနုပညာအလုပ်တွေကို ဆယ်စုနှစ်ကျော်တိုင်အောင် ကြိုးစားလုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ 

နန်းဆုဟာ ဘာသာရေးလည်း ကိုင်းရှိုင်းသူတစ်ယောက်ပဲဖြစ်ပြီး အလှူအတန်းများလည်း မကြာခဏလုပ်လေ့ရှိတဲ့ မင်းသမီးချောလေးပါ။ ဒါ့အပြင် ယနေ့ချိန်ထိ မိဘကိုလုပ်ကျွေးပြုစုနေတဲ့ သမီးအလိမ္မာလေးတစ်ယောက်ဆိုရင်လည်း မမှားပါဘူးနော်။ အမြဲတမ်းပြုံးရွှင်စွာနေထိုင်ပုံလေးတွေကိုလည်း ပရိသတ်တွေအားလုံးက ချစ်မဝဖြစ်နေကြတာပါ။ 

နန်းဆုကတော့ မကြာသေးခင်က Facebook Myday လေးမှာ သူမရဲ့အချစ်ရေးနဲ့ပက်သက်ပြီး စာသားတစ်ချို့ရေးသားထားတာပဲ ဖြစ်ပါတယ်။ " ဒါလေးကတော့ " ကံပါသလောက်ချစ်ခဲ့ပြီးပြီပဲ " ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေလည်း နန်းဆုတို့နှစ်ယောက်ရဲ့အချစ်ရေး ပြန်လည်အဆင်ပြေအောင် ဆုတောင်းပေးလိုက်ကြပါဦးနော်။

Source- Nansu Yati Soe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။