ပရိသတ်ကြီးရေ လူကြီးလူငယ်မရွေးကြိုက်နှစ်သက်ရတဲ့ တေးသံရှင်ဖြူဖြူကျော်သိန်းဟာဆိုရင် အသံပါဝါအားကောင်းကောင်းနဲ့ ပရိသတ်တွေကိုစိုးမိုးနိုင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။အနုပညာမှာလည်းတော်တဲ့အပြင် ပညာရေးမှာလည်းတော်တာကြောင့် ဆရာဝန်ဘွဲ့ကိုရရှိထားတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ဖြူဖြူကျော်သိန်းကတော့ ယနေ့ချိန်ထိလည်း အောင်မြင်မှုတွေကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပါတယ်နော်။

သီချင်းတွေနဲ့စင်မြင့်ထက်မှာဖျော်ဖြေရင်လည်း သူမတူတဲ့ဒီဇိုင်းအလန်းတွေကြောင့် ပရိသတ်တွေကြားမှာရေပန်းစားနေတာဖြစ်ပါတယ်နော်။ဖြူဖြူကျော်သိန်းက ဉာဏ်ပညာဗဟုသုတနဲ့လည်းပြည့်စုံပြီး သူမ သိတဲ့အကြောင်းအရာတွေကိုလည်း ပရိသတ်တွေအတွက်ပြန်လည်မျှဝေနေတာဖြစ်ပါတယ်။ဖြူဖြူကျော်သိန်းက ရိုးရိုးရှင်းရှင်းနဲ့ အေးချမ်းစွာနေထိုင်တတ်သူတစ်ယောက်ပါနော်။

ဖြူဖြူကျော်သိန်းက ပြည်ပကိုလည်း မကြာခဏသွားရောက်တတ်ပြီး အခုဆိုရင်လည်း ပြင်သစ်နိုင်ငံကိုရောက်ရှိနေတာပါနော်။ပြင်သစ်နိုင်ငံကအမျိုးတွေဆီမှာနေရင်း ပထမဦးဆုံးတွေ့ရတဲ့ တူမချောချောလေးကို အရမ်းချစ်နေတာဖြစ်ပါတယ်။တူမလေးနဲ့အတူတူ စကားတွေပြောပြီး ရင်ခွင်ထဲထည့်ကာ နို့ဗူးတိုက်နေတဲ့ ချစ်စရာတူဝရီးနှစ်ယောက်ရဲ့ပုံရိပ်လေးကို မျှဝေပေးလိုက်ပါရစေနော်။

Source:Phyu Phyu Kyaw Thein

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။