တည်ကြည်တဲ့မျက်နှာထားလေးနဲ့ပရိသတ်တွေချစ်မဝဖြစ်နေရသူလေးကတော့ မင်းသမီးလေး ဆုမြတ်နိုးဦးပဲ ဖြစ်ပါတယ်။ သူမဟာ အနုပညာအလုပ်တွေကိုကြိုးစားလုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး အောင်မြင်မှုတွေနဲ့ရပ်တည်နေတာလည်း ဖြစ်ပါတယ်။ သူမဟာ အနုပညာလုပ်ရှားမှုတွေလည်း ဆက်တိုက်လုပ်ဆောင်လျက်ရှိပြီး ခရီးထွက်ခြင်းကိုလည်းကြိုက်နှစ်သက်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ 

အမြဲလိုလိုသူမရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်များကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ပရိတ်သတ်တွေအတွက် ဓာတ်ပုံလေးတွေအမြဲတင်လေ့ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမရဲ့ပုံရိပ်လေးတွေဟာ ချစ်ဖို့ကောင်းရုံတင်မကပဲ မြင်ရသူပရိတ်သတ်တွေအဖို့ဆွဲဆောင်မှုရှိလွန်းနေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အချစ်ဆုံးသူငယ်ချင်းတွေဖြစ်တဲ့ ညီထွဋ်ခေါင်၊ကျော်ကျော်တို့နဲ့အတူ N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များဆိုတဲ့ Page လေးထောင်ကာ သူတို့ရဲ့ပျော်စရာကောင်းတဲ့ ပုံရိပ်လေးများနဲ့ အခွီဗီဒီယိုလေးများကို မကြာခဏတင်လေ့ရှိတာလည်း ဖြစ်ပါတယ်။ 

အခုတစ်ခေါက်မှာလည်း သူတို့ရဲ့ Page လေးမှာ သတင်းလေးတစ်ခုတင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ သရုပ်ဆောင် ဆုမြတ်နိုးဦး မတော်တဆထိခိုက်မှုကြောင့် လက်ကျိုးခဲ့တဲ့အကြောင်းကို ရေးသားထားတာပါ။ လူမှုကွန်ယက်စာမျက်နှာတွင်လည်း " ခုတော့ မင်းက ကျိုးပီတဲ့လား မိဆုရယ်...

တကယ့်ဗရမ်းဗတာတေပါဟယ် " ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်ကြီးလည်း ဆုမြတ်နိုးဦးတစ်ယောက် အမြန်ဆုံးသက်သာ ပျောက်ကင်းအောင် ဆုတောင်းပေးကြပါဦးနော်။

Photo - N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။