ပရိသတ်ကြီးရေ တိုင်းရင်းသူလေးဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းကတော့ ပြည်သူချစ်ရတဲ့ မင်းသမီးချောလေးတစ်ယောက်ဖြစ်ပါတယ်။နန်းမြတ်ဖြိုးသင်းဟာဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း အိုင်တင်ကောင်းကောင်းနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေအကြိုက်နဲ့ထပ်တူညီပါတယ်နော်။နန်းမြတ်ဖြိုးသင်းက ပျော်ရွှင်စရာမိသားစုဘဝလေးကိုတည်ဆောက်ထားပြီး အေးချမ်းစွာနေထိုင်နေတာပဲဖြစ်ပါတယ်။

နန်းမြတ်ကတော့ အခုဆိုရင်သားလေးတစ်ယောက်ကိုမွေးဖွားထားပြီး သားလေးကိုယ်ဝန်စရှိချိန်ကတည်းက အနုပညာအလုပ်တွေကို ရပ်နားထားတာဖြစ်ပါတယ်။နန်းမြတ်ရဲ့သားလေးကလည်း ချစ်ခင်ပွန်းနဲ့ချွတ်စွပ်တူပြီး အရမ်းချစ်စရာကောင်းတဲ့သားလေးပါနော်။နန်းမြတ်ကတော့ သားလေးရဲ့နာမည်ကို ဘုန်းသုဒ္ဓ လို့နာမည်လှလှလေးပေးထားပြီး အိမ်နာမည်ကတော့ ချစ်စနိုးလေးနဲ့ Jack Jackလို့ခေါ်ကြပါတယ်။

Jack Jackလေးက မျက်နှာဝိုင်းဝိုင်းလေးနဲ့အရမ်းချစ်စရာကောင်းပြီး ချစ်မွှေးပါလို့ တွေ့တဲ့သူတိုင်းကချစ်ကြပါတယ်နော်။မေမေနန်းမြတ်ကလည်း သားလေးကိုသေချာပြုစုပျိုးထောင်ပေးနေပြီး ဂရုတစိုက်စောင့်ရှောက်နေတာဖြစ်ပါတယ်။အခုဆိုရင်တော့ မေမေနန်းမြတ်က သားလေးနဲ့အတူ Shoppingထွက်ပြီး ပျော်ပျော်ပါးပါး ဈေးလျှောက်ဝယ်နေကာ အရမွးချစ်စရာကောင်းတဲ့နန်းမြတ်တို့သားအမိနှစ်ယောက်ပုံလေးကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Nann Myat Phyo Thinn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။