ပရိသတ်တွေရဲ့အချစ်တွေကို ရရှိထားပြီး ပီပြင်တဲ့သရုပ်ဆောင်ပိုင်နိုင်မှုတွေနဲ့ အနုပညာလောကမှာ အောင်မြင်မှုတွေအပြင် သာယာပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူကတော့ မင်းသမီးချောရတနာပဲ ဖြစ်ပါတယ်နော်။ကြည်နူးပျော်ရွှင်စရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောရတနာကတော့ အိမ်ထောင်ပြုု ပြီး ရင်သွေးလေးတွေ မွေးဖွားပြီးနောက်ပိုင်း အနုပညာအလုပ်တွေနည်းပါးသွားတာ တွေ့ရပါတယ်။

မိသားစုနဲ့အချိန်ပေးဖြစ်နေတဲ့ ချောရတနာဟာ အနုပညာအလုပ်တွေနည်းပါးသွားပေမယ့် သူမတို့မိသားစုလှုပ်ရှားမှုပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် အမြဲမျှဝေပေးလေ့ရှိတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ ချောရတနာရဲ့သားကြီးကောင်းသုတကျော်ကတော့ လိမ္မာပြီးထူးချွန်ထက်မြက်တဲ့သားလေးဖြစ်ပြီး သမီးငယ်လေးCo Coကတော့ မေမေ့ရဲ့အလှအပတွေကိုအကုန်ယူထားတဲ့သမီးချောလေးပဲဖြစ်ပါတယ်။မေမေချောရတနာကတော့ သားနဲ့သမီးရဲ့ဘေးနားမှာတစ်ချိန်လုံးနေရင်း ဂရုတစိုက်နဲ့ပြုစုပျိုးထောင်ပေးနေတာပါ။ချောရတနာကတော့ သားနဲ့သမီးရဲ့သွက်လက်ပြီးချစ်စရာကောင်းတဲ့အပြုအမူလေးတွေကြောင့် အမြဲတမ်းပျော်ရွှင်နေရတာပဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ မေမေချောရတနာတစ်ယောက်ဟာ သမီးလေးCo Co ကိုကျောင်းပို့ရင်း သားသားလေးကို အချိန်ပေးပြီး နေခဲ့တာပဲဖြစ်ပါတယ်။ဒါလေးကို မေမေချောရတနာက "La Coiffer Beauty Spa မှာ မတ်မတ်နှစ်ယောက် ဆံပင် color change ,

သမီးကို Heguru ကျောင်းပို့ရင်း သားသားနဲ့ လျှောက်စား

အလုပ်တွေ အရမ်းများတာ"ဆိုပြီး ချစ်စဖွယ်ရေးသားထားခဲ့ပြီး ပုံရိပ်လေးတချို့ကိုလဲ မျှဝေပေးထားတာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သားသားလေးနဲ့အတူ ရိုက်ကူးထားတဲ့ချစ်စရာပုံရိပ်လေးတွေကို Myanmarload ချစ်ပရိသတ်ကြီး မြင်တွေ့နိုင်စေရန်အတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်နော်။

Photos-Chaw Yadanar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။