နိုင်ငံကျော်တေးသံရှင်တစ်ယောက်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ အောင်မြင်မှုကတော့ ဆယ်စုနှစ်တစ်ခုမတိုင်အောင်ရှိပြီဖြစ်ပါတယ်....။ သူရဲ့ ရိုးသား၊ ကြိုးစားမှုတို့ကြောင့် အခုအချိန်ထိတိုင် ဒိတ်ဒိတ်ကြဲအောင်မြင်နေပြီး နှုတ်ခမ်းနီမလေးတွေရဲ့ ချစ်ခင်ဝန်းရံမှကို အပြည့်အဝရရှိထားသူတစ်ယောက်ပါ....။ စိုင်းစိုင်းခမ်းလှိုင်ရဲ့ အရွယ်တင်နုပျိုမှာကလည်း အံ့မခန်းပါပဲနော်....။

ထပ်ဆင့်အကယ်ဒမီဆုရှင် တစ်ဦးဖြစ်တဲ့ မင်းသမီးချောဖွေးဖွေးကို တတိုင်းပြည်လုံးရှိပရိသတ်တွေက ဖွေးစိန်လေး ဆိုပြီး ချစ်စနိုးနဲ့ခေါ်ဝေါ်ကြတာပါ...။ ဖွေးစိန်လေးရဲ့ သရုပ်ဆောင်မှုတွေကလည်း သဘာဝပီပြင်လွန်းပြီး ကျရာဇာတ်ရုပ်ကိုပိုင်နိုင်သူ တစ်ယောက်ဖြစ်ပါတယ်...။ မကြာသေးမီကမှ မွေးနေ့ပွဲ အလှူလေးကို ပရိသတ်တွေနဲ့အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တာဖြစ်ပါတယ်...။

စိုင်းစိုင်းခမ်းလှိုင်နဲ့ ဖွေးစိန်လေးတို့က "Samsung Galaxy Note 10 launch in Myanmar" ပွဲလေးသို့တက်ရောက်ခဲ့တာပါ...။ သူတို့နဲ့အတူ ပြည်သူ့ချစ်အနုပညာရှင်များဖြစ်တဲ့ ပန်းရောင်ခြယ်၊ မအေးသောင်း၊ g fatt အစရှိတဲ့ အနုပညာရှင်ပေါင်းများစွာ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်...။ စိုင်းစိုင်းရဲ့ Instagram my day တွင် ဖွေးစိန်လေးနဲ့အတူ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်လေးကို တင်ထားပြီး Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်....။

Source saisaikhamleng

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။