ပရိသတ်ကြီးရေ တည်ငြိမ်အေးချမ်းပြီး နှစ်သက်စရာကောင်းတဲ့အပြုံးလေးတွေ ပိုင်ဆိုင်ထားတဲ့ အပျိုကြီးမမ အေးသောင်းကို အားလုံးပဲ သိကြမယ်ထင်ပါတယ်။အသက်သုံးဆယ်ကျော် အပျိုကြီးမမလို့ မထင်ရလောက်အောင် အမြဲလှပနုပျိုနေပြီး တနေ့ထက်တနေ့ ပိုပိုပြီးဆွဲဆောင်မှုရှိရှိ အလှပိုလာတာပဲ ဖြစ်ပါတယ်။ မိန်းကလေးအများစု အားကျနေရတဲ့ အမိုက်စားခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားသူတစ်ယောက်လဲ ဖြစ်ပါတယ်။

မြန်မာဗီဒီယိုဇာတ်ကားတွေခေတ်စားတဲ့ ဟိုးအရင်အချိန်တုန်းကလည်း အေးဝတ်ရည်သောင်းဆိုတဲ့ နာမည်လေးနဲ့ ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိထားတာပဲ ဖြစ်ပါတယ်။အနုပညာနဲ့ပတ်သက်လာရင် အောက်သက်ကြေတဲ့ မင်းသမီးလေးလည်းဖြစ်ပြီးတော့ ပရိတ်သတ်တွေပေးတဲ့ ရင်ထဲကအကယ်ဒမီကိုရရှိထားရလောက်အောင်ကို ထူးချွန်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ဒီလိုအနုပညာနဲ့ပတ်သက်ရင်ထူးချွန်သူတစ်ယောက်ဖြစ်သလို ပရဟိတလုပ်ငန်းတွေအတွက်ဆိုရင်လဲ ကိုယ်ကျိုးစွန့်ပြီးလုပ်ဆောင်ပေးတတ်သူ သတ္တိခဲမလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။

မအေးသောင်းကတော့ လတ်တလောမှာဖြစ်ပွားခဲ့တဲ့ ရေဘေးကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ ပြည်သူကို အိမ်တိုင်ရာရောက်သွားရောက်ပီး အကူအညီပေးတတ်တဲ့ စိတ်ထားကောင်းသူလေးတစ်ယောက်လဲ ဖြစ်ပါတယ်။ရေဘေးလှူဒါန်းမှုတွေအပြီးမှာတော့ မအေးသောင်းလည်း အအေးမိနှာစီးကာဖျားနာခဲ့ပြီး ဆေးရုံတက်ရသည်အထိဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ခံစားရတဲ့ဝေဒနာလေးတွေ သက်သာစပြုလာသည့်အချိန်မှာ လူတစ်ယောက်ရဲ့ ဂရုတစိုက် ကြင်နာယုယစွာပြောခဲ့တဲ့ စာလေးတွေကြောင့် ကြည်နူးပီတိတွေဖြစ်ပြီး အခုဆိုလုံးဝပျောက်ကင်းသလောက်သက်သာခဲ့တာပဲ ဖြစ်ပါတယ်။အပျိုကြီးမမတစ်ယောက် ကြွေကျသွားရလောက်တဲ့ ကြည်နူးစရာကောင်းတဲ့ စကားလုံးလေးတွေကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာမျှဝေပေးထားခဲ့တာကို Myanmarload ချစ်ပရိသတ်ကြီး မြင်တွေ့ကြည်နူးနိုင်စေရန်အတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်နော်။

Source-Aye Thaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။