ဒီတစ်ပတ် Super Sunday ရဲ့မြန်မာနေရှင်နယ်လိဒ်ပွဲကောင်းတစ်ပွဲဖြစ်တဲ့ ရှမ်းယူနိုက်တက်နဲ့မကွေးအသင်းတို့ပွဲမှာတော့ရှမ်းယူနိုက်တက်က(၂-ဝ)နဲ့အနိုင်ယူခဲ့ပါတယ်။ဒီပွဲအနိုင်ကြောင့်ရှမ်းယူနိုက်တက်အသင်းဟာချန်ပီယံဆုဖလားကိုရဖို့ကျိန်းသေသလောက်ရှိနေပြီဖြစ်ပါတယ်။လက်ကျန်ပွဲတစ်ပွဲသာကျန်တော့တာကြောင့် အကောင်းဆုံးအခြေအနေကိုပိုင်ဆိုင်သွားတာပါ။

ရှမ်းယူနိုက်တက်အသင်းဟာဒီပွဲနိုင်တာနဲ့ချန်ပီယံဖြစ်လို့အလားအလာကောင်းတွေပိုင်ဆိုင်မှာဖြစ်တာကြောင့်အကောင်းဆုံးပုံစံနဲ့ပွဲထွက်လာခဲ့တာပါ။ပွဲစတာနဲ့ဂိုးရဖို့ကြိုးစားနေတဲ့ရှမ်းယူနိုက်တက်တိုက်စစ်တွေကိုတော့မကွေးနောက်တန်းနဲ့ဂိုးသမားကအကောင်းဆုံးဖျက်ထုတ်နေတာကြောင့်ဂိုးရဖို့ခက်ခဲခဲ့ပါတယ်။ပရိသတ်တွေရဲ့အားပေးမှုကလည်းရှမ်းယူနိုက်တက်ကိုအားဖြစ်စေပြီး ခွန်အားတွေဖြစ်စေခဲ့ပါတယ်။ပထမပိုင်းမှာတော့အပြန်အလှန်တိုက်စစ်ဆင်ရင်းနဲ့ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းစတာနဲ့ရှမ်းယူနိုက်တက်အသင်းဟာဂိုးရဖို့ကိုတောက်လျောက်တိုင်စစ်ဆင်ခဲ့တာပါ။ထိုးဖောက်တိုက်စစ်ဆင်ရင်းနဲ့ ၆၅မိနစ်မှာ Nakamura ကဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ဦးဆောင်ဂိုးရပြီးနောက်ပိုင်းပိုစိတ်အားထက်သန်လာတဲ့ရှမ်းယူနိုက်တက်အသင်းကပဲ၇၇မိနစ်မှာ ထက်ဖြိုးဝေ ကဦးဆောင်ဂိုးတစ်ဂိုးသွင်းယူပေးခဲ့တာပါ။ပွဲကစားချိန်နောက်ဆုံးအထိနှစ်ဖက်လုံးဂိုးဆက်မသွင်းတာကြောင့်ပွဲအပြီးမှာ(၂-ဝ)နဲ့အနိုင်ရခဲ့ပါတယ်။ဒါကြောင့်အဆင့်၂နေရာကဧရာဝတီကို၂မှတ်ဖြတ်ထားပြီးချန်ပီယံဖြစ်ဖို့မိနစ်၉၀သာစောင့်ရတော့မှာဖြစ်ပါတယ်။

Source:Shan United 

Myanmar National League 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။