ပရိသတ်ကြီးရေ မင်းသမီးချောတစ်ယောက်ဖြစ်တဲ့ လင်းဇာနည်ဇော်ကတော့ တစ်ခေတ်တစ်ခါတည်းက ပရိသတ်တွေရဲ့ချစ်မေတ္တာကို ရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။လင်းဇာနည်ဇော်ဟာဆိုရင် ဆံပင်ရှည်ရှည် သွားထပ်လေးနဲ့အရမ်းချစ်စရာကောင်းတဲ့သူပါနော်။ယနေ့အချိန်ထိလည်း ဆံနွယ်ရှည်ရှည်လေးကို ပိုင်ဆိုင်ထားပြီး အနုပညာအလုပ်တွေကို ပရိသတ်တွေအတွက်ကြိုးစားလုပ်ကိုင်နေဆဲဖြစ်ပါတယ်။

လင်းဇာနည်ဇော်က သမီးလေးတစ်ယောက်ကိုပိုင်ဆိုင်ထားပြီး မြူလင်းကိုကိုကလည်း အသက်၂၂နှစ်အရွယ်ကိုရောက်ရှိနေပါပြီနော်။မေမေအားကိုးရတဲ့ သမီးလိမ္မာလေးဖြစ်ပြီး မြူလင်းကိုကိုက ပြည်ပမှာပညာသင်ကြားနေကာ မကြာခင်မှာပြန်လည်ရောက်ရှိလာတော့မှာဖြစ်ပါတယ်။လင်းဇာနည်ဇော်ကလည်း မြန်မာနိုင်ငံမှာ ချစ်မကြီး ချစ်ချစ်ဇော်နဲ့အတူ နေထိုင်ပြီး စီးပွားရေးကိုအတူတူလုပ်ကိုင်နေတာတွေ့ရပါတယ်။

လင်းဇာနည်ဇော်တို့ ညီအစ်မနှစ်ယောက်ရဲ့ ရွှေတောင်ခေါက်ဆွဲကလည်း နာမည်ရလာပြီး လက်မလည်အောင်လုပ်ရတဲ့စီးပွားရေးလေးပဲဖြစ်ပါတယ်။လင်းဇာနည်ဇော်နဲ့ချစ်ချစ်ဇော်တို့ ညီအစ်မနှစ်ယောက်က အရမ်းချစ်စရာကောင်းပြီး စည်းစည်းလုံးလုံးရှိကြတဲ့ ညီအစ်မနှစ်ယောက်ပါ။အခုဆိုရင်လည်း ချစ်မကြီး ချစ်ချစ်ဇော်က ချစ်ညီမလေးအတွက် လှေကားထစ်ပေါ်မှာ ပက်လက်ဖြစ်လုနီးပါးနေပြီး ဓာတ်ပုံလှလှလေးရိုက်ပေးနေတဲ့ ပုံရိပ်လေးကို မျှဝေပေးလိုက်ပါရစေနော်။

Source:Lin Zarni Zaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။