ပရိသတ်ကြီးရေ အဆိုတော်အာဇာနည်ကတော့ ချစ်ဇနီးဝမ်းရယ် သားလေးနှစ်ယောက်ရယ်နဲ့အတူ ပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ဆောက်ထားကြတာဖြစ်ပါတယ်။အာဇာနည်ကတော့ ယနေ့အချိန်ထိပရိသတ်တွေရဲ့အချစ်တွေကိုရရှိနေသလို သူ့ရဲ့သီချင်းတွေကလည်း ပရိသတ်တွေကြားမှာရေပန်းစားနေဆဲဖြစ်ပါတယ်။ပရိသတ်တွေကတော့ အာဇာနည်ရဲ့စိတ်ချမ်းသာစရာမိသားစုလေးကို အားကျပြီးအရမ်းချစ်နေကြတာဖြစ်ပါတယ်။

အာဇာနည်တို့ဇနီးမောင်နှံနှစ်ယောက်ကတော့ သားလေးတွေကိုသေချာပြုစုပျိုးထောင်နေကြပြီး သားကြီးလေးဖစ်ဖစ်တုန်ကလည်း ဉာဏ်ကောင်းထက်မြက်ပြီးထူးချွန်လို့ ကျောင်းမှာလည်းဆုတွေ မကြာခဏရတဲ့သားလေးပါနော်။သားငယ်လေးချစ်ချစ်တုန်ကတော့ မျက်နှာလေးချိုပြီး အမြဲတမ်းပြုံးရွှင်ရယ်မောနေတတ်လို့ လူတိုင်းကတုန်နေအောင်ချစ်ကြပါတယ်။အာဇာနည်တို့ဇနီးမောင်နှံကတော့ သားကောင်းသားမြတ်လေးတွေကိုပိုင်ဆိုင်ထားကြလို့ ကံကောင်းတဲ့မိဘတွေဖြစ်ကြပါတယ်နော်။

သားငယ်လေး ချစ်ချစ်တုန်ကလည်း အခုဆိုရင် တစ်နှစ်ခွဲကျော်အရွယ်ကိုရောက်ရှိနေပြီး တီတီတာတာလေးတွေပြောကာ သီချင်းသံတွေကြားရင်လည်းကတတ်ပါသေးတယ်နော်။အခုဆိုရင်တော့ မေမေဝမ်းက ချစ်ချစ်တုန်လေးကို ကောင်မလေးတွေတွေ့ရင် ဘယ်လိုမျက်စိမှိတ်ပြမှာလဲမေးလို့ အသည်းယားစရာကောင်းတဲ့အမူအရာလေးနဲ့ မျက်လုံးလေးမှိတ်ပြလိုက်တဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေနော်။

Source:Phit Phit Chit Chit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။