Victoria Martens လို့အမည်ရတဲ့ သမီးငယ်လေးဟာ သူမရဲ့ ဆယ်နှစ်ပြည့်မွေးနေ့မှာ ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုနဲ့ကြုံခဲ့ရပါတယ်။ သူမကြုံတွေ့ခဲ့ရတာကတော့ အမေဖြစ်သူ အမျိုးသမီးကိုယ်တိုင်က အခြားယောင်္ကျားတွေကို ခေါ်ဆောင်ပြီး သူမနဲ့ လိင်ဆက်ဆံခိုင်းခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင် ဒီအဖြစ်အပျက်ဟာ Victoria လေးအတွက် ပထမဆုံးအကြိမ်ကြုံရတာ မဟုတ်ခဲ့ပါဘူးလို့လည်း သိရပါတယ်။

Victoria နေထိုင်တာကတော့ New Mexico ပြည်နယ်မှာဖြစ်ပြီး သူမရဲ့မိခင်ဟာ အွန်လိုင်းမှာ တွေ့တဲ့ ယောင်္ကျားတွေကို အိမ်ခေါ်ပြီး သူမနဲ့ လိင်ဆက်ဆံခိုင်းခဲ့တာပဲဖြစ်ပါတယ်။

ဒါပေမယ့် Victoria လေးဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပဲ ခံခဲ့ရတာမဟုတ်ပါဘူး ၊ သူမဟာ မီးပါ ရှို့ခံခဲ့ရတာကြောင့် တခါတည်း အသက်ပါသေးဆုံးသွားခဲ့ရတာပဲ ဖြစ်ပါတယ်။

မိခင်ဖြစ်သူ အမျိုးသမီးကတော့ သမီးတစ်ယောက်လုံး အခုလိုနှိပ်စက်ခံနေရတာတောင် သဘောကျနှစ်သက်စွာ ကြည့်နေခဲ့သေးတယ်လို့ သိရပါတယ်။

Victoria လေးရဲ့အလောင်းကို စစ်ဆေးကြည့်တဲ့အခါမှာဆိုရင်လည်း Alcohol တွေပါဝင်နေတာတွေ့ရသလို HIV ပိုးလည်း ကူးစက်ခံထားရတာကို သိရှိခဲ့ရတယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်လေးဖြစ်ပွားခဲ့တာဟာ အချိန်ကြာမြင့်ခဲ့ပြီဆိုပေမယ့်လည်း ဆယ်နှစ်ပြည့်မွေးနေ့ရက်မြတ်လေးမှာ အနိုင့်ကျင့်ခံရမှုတွေကြောင့် သေဆုံးသွားခဲ့ရတဲ့

Source : Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။