မော်ဒယ်၊ သရုပ်ဆောင်အဖြစ် အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေကြတဲ့ ထွန်းကိုကိုနဲ့ ဟန်တီတို့နှစ်ယောက်ကတော့ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် နိုင်ငံတကာပြိုင်ပွဲကြီးတွေမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ Mrs နဲ့ Miss တို့ပဲ ဖြစ်ကြပါတယ်။ လက်ရှိမှာလည်း သူတို့နှစ်ယောက်က ကိုယ်ပိုင်အရည်အချင်းတွေနဲ့ အောင်မြင်မှုကိုယ်စီရရှိထားကြတာ ဖြစ်ပါတယ်။ အခုလည်း သူတို့နှစ်ယောက်က မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ကိုရီးယားနိုင်ငံကို သွားရောက်ခဲ့ရပါတယ်။

ထွန်းကိုကိုနဲ့ ဟန်တီတို့နှစ်ယောက်က ပြီးခဲ့တဲ့ရက်က တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့မှာကျင်းပပြုလုပ်ခဲ့တဲ့ " Incheon International Single-Media Festival 2019 " ပွဲကြီးကို တက်ရောက်ဖို့အတွက် ဖိတ်ကြားခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီပွဲကြီးမှာတော့ မြန်မာအပါအဝင် အာရှနိုင်ငံ(၈)နိုင်ငံ ကိုယ်စားပြုတွေက Traditional Clothing Show အနေနဲ့ မိမိတို့ နိုင်ငံကိုယ်စားပြုဝတ်စုံတွေကို ဂုဏ်ယူစွာဝတ်ဆင်ပြီး ပြသရတာပဲ ဖြစ်ပါတယ်။

ဒီပွဲလေးနဲ့ပတ်သက်ပြီး ဟန်တီကတော့ " Asia Model star မှာ Face of Asia ဆုရထားတဲ့ မြန်မာအပါအဝင် အာရှနိုင်ငံ(၈)နိုင်ငံ ကိုယ်စားပြု တွေက (၁၇.၈.၁၉)မှာ Korea နိုင်ငံမှာကျင်းပတဲ့ Incheon International Single Media Festival ပွဲမှာ Traditional Clothing Show အနေနဲ့ မိမိတို့ နိုင်ငံကိုယ်စားပြုဝတ်စုံတွေကို ဝတ်ပြီးပြသရတာဖြစ်ပါတယ်။ထွန်းကိုကိုရဲ့ဝတ်စုံက ကိုကျော်ဝဠာသိန်း(ပြင်ဦးလွင်) ဟန်တီရဲ့ဝတ်စုံက (ကောင်းပြည့်FD) ပိုးထည် (မွန်:အိုင်း မန္တလေးအထည်ဆိုင်)က ကူညီပံ့ပိုးပေးထားတာပါ။ " ဆိုပြီး ပြောပြထားပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မြန်မာဝတ်စုံလေးတွေကို ဂုဏ်ယူစွာ ဝတ်ဆင်ပြီး ကမ္ဘာ့အလယ်မှာပြသခဲ့တဲ့ ထွန်းကိုကိုနဲ့ ဟန်တီတို့ရဲ့ဗီဒီယိုဖိုင်လေးကို အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Han Thi;

Video Credit- K Htet - YNGproduct;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။