"2012 Miss Myanmar" winner ဆုရှင်တစ်ဦးဖြစ်တဲ့ နန်းခင်ဇေယျာက မော်ဒယ်လ်၊ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာဖြစ်ပါတယ်...။ နန်းခင်ဇေယျာက အင်္ဂလိပ်၊ ဂျာမန် နှစ်ဘာသာဖြင့် ဧည့်လမ်းညွှန်လုပ်ခဲ့ပြီး ပညာရေးမှာကော၊ အနုပညာလောကမှာ ထူးချွန်ထက်မြတ်သူလေးဖြစ်ပါတယ်...။ နန်းခင်ဇေယျာက တိုင်းရင်းသူပီပီ ရိုးသွားပွင့်လင်းစွာ စကားပြောဆိုတတ်ပြီး စိတ်သဘောထားကောင်းမွန်သူတစ်ယောက်ပါဖြစ်ပါတယ်...။ နန်းခင်ဇေယျာက မြန်မာဝတ်စုံလေးတွေကို ရိုးယဉ်စွာဝတ်ဆင်လေ့ရှိပြီး၊ အတိုအပြတ်လေးတွေကိုလည်း အမြင်မရိုင်းဘဲ ဆွဲဆောင်မှုရှိစွာ ဝတ်ဆင်လေ့ရှိတာဖြစ်ပါတယ်....။

နန်းခင်ဇေယျာရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေကတော့ photo shootingတွေ၊ ကြော်ငြာမဂ္ဂဇင်းတွေလက်ခံရိုက်ကူးလျက်ရှိပြီး အခမ်းအနားဖွင့်ပွဲတွေသို့ တက်ရောက်ခဲ့တာဖြစ်ပါတယ်...။ နန်းခင်ဇေယျာက ခရီးသွားဝါသနာပါသူဖြစ်ပြီး ခရီးသွား မှတ်တမ်းပုံရိပ်တွေကိုလည်း ရိုက်ကူးတင်ဆက်ပေးခဲ့တာပါနော်...။ နန်းခင်ဇေယျာက ကျန်းမာရေးလိုက်စားသူဖြစ်ပြီး၊ အဆီပိုမရှိတဲ့ ခန္ဓာကိုယ် အချိုးအစားပိုင်ဆိုင်အောင် gym ကိုလည်း စနစ်တကျနဲ့ အချိန်ပေးပြီး ဆော့ခဲ့တာဖြစ်ပါတယ်...။

နန်းခင်ဇေယျာက ခေတ်လူငယ်ပီပီ လူမှုကွန်ယက်စာမျက်နှာတွေဖြစ်ကြတဲ့ facebook၊ Instagram တို့တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း သူမရဲ့ official page တွင် "မင်းလေးအကြည့်တစ်ချက်...." ဆိုတဲ့ status လေးနဲ့အတူ စွဲမက်ဖွယ် အလှပုံရိပ်တွေကို တင်ဆက်ထားပြီး Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်....။

Source Nang Khin Zay Yar- နန်းခင်ဇေယျာ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။