ဘာစီလိုနာအသင်းဟာ အင်ဒီယေစတာနေရာကို ဆက်ခံနိုင်ရန်အတွက် ကစားသမား ရှာဖွေလျှက်ရှိသည်ဟု ယုံကြည်ရပြီး လီဗာပူလး်ရဲ့ကော်တင်ဟို၊ PSG ရဲ့ ဗာရတီ တို့ကိုချဉ်းကပ်ခဲ့သလို ယခုအခါမှာ မန်ယူရဲ့ကွင်းလယ် ကစားသမား ဟာရဲရား ကိုလည်း စဉ်းစားလျှက်ရှိလာတယ်လို့ စပိန်အားကစား သတင်းဖြစ်တဲ့ Don Balon ရဲ့ပုံနှိပ်ထုတ်ဝေမှုကို ကိုးကားပြီး Express သတင်းမှာ ဖေါ်ပြထားပါတယ်။

သတင်းမှာ ဘာကာရဲ့ Chairman က ဟာရဲရားရဲ့ကစားဟန်ဟာ ဘာစီလိုနာနဲ့ ကိုက်ညီမှုရှိတယ်လို့ ယုံကြည်ကြောင်း ပြောကြားထားတယ်လို့ ရေးသားထားပါတယ်။

အသက် (27)နှစ်အရွယ် စပိန်သားဟာ မော်ရင်ဟိုရဲ့ အဓိက အားကိုးရတဲ့ကစားသမား ဖြစ်လာခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ (4)ပွဲမှာ တစ်ဂိုးသွင်းပြီး (3)ဂိုးထိဖန်တီးပေးခဲ့ပါတယ်။ ဟာရဲရားဟာ ဘီဘာအိုအသင်းကနေ ပေါင်(29)သန်းနဲ့ မန်ယူအသင်းကို 2014 ခုနှစ်က ရောက်ရှိလာခဲ့သူလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။