မနေ့က အက်စ်ပိန်ညော်အသင်းကို အဝေးကွင်းမှာ (0-3)နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ (2)ဂိုးသွင်းခဲ့တဲ့ လူးဝစ်ဇ်ဆွာရတ်ဇ်က ရီရဲလ်မတ်ဒရစ်အသင်းကို ဖိအားပေးဖို့အချိန်ပြည့်ရှိနေမယ်လို့ ပြောဆိုလိုက်ပါတယ်။

ရီရဲလ်မတ်ဒရစ်အသင်းဟာ မနေ့က မာဆယ်လိုရဲ့ နောက်ကျဂိုးနဲ့ ဗလင်စီယာကို ကျဉ်းမြောင်းစွာ ကျော်ဖြတ်ခဲ့ရပါတယ်။

ဆွာရတ်ဇ်က "ကျွနေ်တာ်တို့သိပါတယ်။ လွယ်တဲ့ကိတ်စတော့ မဟုတ်မှန်း၊ ပွဲစဉ်တိုင်းဟာ ဖိအားများစွာနဲ့ ရှုပ်ထွေးစွာကျော်ဖြတ်ရပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ မလွတ်တမ်းဖိအားပေးထားနိုင်ပါလိမ့်မယ်။ ဂိုးတွေသွင်းပြီးတိုင်း အဲ့ဒီစိတ်က ဖိအားကိုလျော့ကျစေပါတယ်။ အနိုင်ရလဒ်တွေ အမှားမယွင်းမရှိသယ်ဆောင်နိုင်တာဟာ သူတို့ကို ဖိအားပေးနေခြင်းပါပဲ။ နောက်ဆုံးပွဲစဉ်အထိဘာဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ကြတာပေါ့"

"ဘောလုံးဟာ အမှားအယွင်းဖြစ်တတ်တဲ့ ပြိုင်ပွဲတစ်ခုပါ။ ကျွနေ်တာ်တို့ကိုယ်တိုင်လည်း အဲ့ဒီအမှားတွေကို ပေးခဲ့ရတာပါပဲ။ ဒါပေမယ့် မနက်ဖန်တိုင်းမှာ ဒီနေ့ထက်ပိုကောင်းနေစေရပါမယ်" လို့ မနေ့က အက်ပန်ညိုနဲ့ပွဲအပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။

လက်ရှိအခြေအနေမှာ ဘာစီလိုနာအသင်းက (35)ပွဲကစားထားပြီး (81)မှတ်၊ ရီရဲလ်မတ်ဒရစ်အသင်းက (34)ပွဲကစားထားပြီး (81)မှတ်နဲ့ အမှတ်တူနေပါတယ်။ ပွဲတူ အမှတ်တူဆိုရင်တော့ head-to-head ရလဒ် နဲ့ ဘာစီလိုနာတို့ သိမ်းပိုက်မှာဖြစ်ပါတယ်။ ။

photo - Getty Images

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။