အင်္ဂလိပ်စာသည် ယနေ့ခေတ်တွင် လုပ်ငန်းခွင်တွင်သာမက နေ့စဉ်ဘဝတွင်ပါ အလွန်အရေးပါသော ဘာသာစကားတစ်ခုဖြစ်လာပါသည်။ ထို့ကြောင့် အင်္ဂလိပ်စာတိုးတက်စေမည့် အချက်(၁၀)ကို ဖော်ပြလိုက်ပါသည်။

(၁)အင်္ဂလိပ်စာဟာ ထူးဆန်းတဲ့ဘာသာစကားတစ်ခုဆိုတာကိုလက်ခံလိုက်ပါ

တစ်ခါတစ်လေကျရင် အင်္ဂလိပ်စာသဒ္ဒါမှာ ပုံစံကိုတွေ့ရပေမယ့် တစ်ခါတစ်လေကျရင်တော့ အင်္ဂလိပ်စာဟာ အဓိပါယ်မရှိလောက်အောင် ထူးခြားနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဥပမာ- ‘read’ ဆိုတဲ့စကားလုံးသည် စာလုံးပေါင်းတူသော်လည်း ပစ္စုပန်မှာအနေနဲ့သုံးလျှင် ‘ရီးဒ်’ ဟုအသံထွက်ပြီး အတိတ်ကာလမှာသုံးလျှင် ‘ရက်ဒ်’ ဟုအသံထွက်ပါသည်။ ထို့အတူ ‘house’ ၏ အများကိန်းသည် ‘houses’ ဖြစ်သော်လည်း ‘mouse’ ၏အများကိန်းသည် ‘mice’ ဖြစ်နေသည်မှာလည်းထူးဆန်းပါသည်။ အင်္ဂလိပ်စာသည် တစ်ခါတစ်လေကျရင် ရှင်းပြ၍မရနိုင်လောက်အောင် အလွန်ထူးဆန်းလှပါသည်။ တစ်သမတ်တည်းမှတ်၍ မရပါ။ ထို့ကြောင့် ချွင်းချက်များကိုမှတ်ပြီးသာ ဆက်၍လေ့လာပါ။

(၂) အတွင်းကျကျအဆုံးထိလေ့လာပါ

တစ်ပတ်မှာ တစ်ရက်လောက်အင်္ဂလိပ်စာကိုလေ့လာရုံဖြင့် မလုံလောက်ပါ။ အင်္ဂလိပ်လိုမြန်မြန် ပြောတတ်ချင်ရင်တော့ တစ်နေ့ကိုအနည်းဆုံးမိနစ်အနည်းငယ်လောက် အင်္ဂလိပ်စာပြောကျင့်ပါ။ ထို့နောက် မိမိအတွက်ခက်ခဲသောစာများကို နားထောင်ကြည့်၊ ဖတ်ကြည့်၊ ပြောကြည့်ပါ။ အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ချင်လျှင် ဤအချက်ကို နေ့စဉ်လုပ်ဆောင်ရမည့်အချက်တစ်ချက်အနေဖြင့်ပြုလုပ်ပါ။

(၃)အင်္ဂလိပ်စာသင်ယူနေတဲ့လူတစ်ယောက်ကဲ့သို့မပြုမူပါနဲ့

မိမိကိုယ်ကို အင်္ဂလိပ်စာကိုလေ့လာနေသောလူတစ်ယောက်ကဲ့သို့သဘောထားမည့်အစား အင်္ဂလိပ်စာပြောသော အင်္ဂလိပ်လူမျိုးတစ်ယောက်လို့သဘောထားပါ။ အရာရာတိုင်းကို အင်္ဂလိပ်လိုပြောနိုင်ရန် ကြိုးစားပါ။ အင်္ဂလိပ်လိုကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ချင်လျှင် ပြောမည့်အကြောင်းအရာများကို စိတ်ထဲမှ ဘာသာပြန်နေသောအကျင့်ကိုပြင်လိုက်ပါ။

(၄)အဖြေဟာမေးခွန်းထဲမှာပဲရှိနေတာပါ

အင်္ဂလိပ်စာတွင်မေးခွန်းအများစုဟာ မှန်လိုပါပဲ။ ထို့ကြောင့် မေးခွန်းကိုသေချာနားထောင်ပါ။

ဥပမာ- မေးခွန်း။ ။‘Can you swim?’ ‘မင်းရေကူးနိုင်လား’

အဖြေ။ ။’Yes, I can’ ‘ငါရေကူးနိုင်တယ်’

(၅)နားထောင်နေတာထက်ပိုပြီးလေ့လာပါ

အင်္ဂလိပ်လူမျိုးတစ်ယောက်နှင့် စကားပြေနေလျှင် သူပြောသမျှစကားလုံးတွေကို နားလည်အောင်ကြိုးစားရုံသာ မက သူဘယ်စကားလုံးကို ဘယ်နေရာမှာရွေးချယ်သုံးသွားလဲ၊ သူဘယ်စကားလုံးနဲ့ဘယ်စကားလုံးချိတ်ဆက် သုံးသွားလဲဆိုတာကိုပါ လေ့လာပါ။ ထိုအချက်သည် အင်္ဂလိပ်စကားပြောလျှင် ပိုပြီးသဘာဝကျစေပါသည်။ English Speaking ဗီဒီယိုများကို FluentU တွင်လေ့လာနိုင်ပါသည်။်

(၆)အသုံးပြုမလား သို့ အဆုံးရှုံးခံမလား

ဓားဆိုတာသွေးမနေရင်တုံးသွားတတ်ပါတယ်။ အဲ့လိုပါပဲ ဦးနှောက်ဆိုတာကလည်း အသုံးမပြုရင် တုံးသွားတတ်ပါတယ်။ အဲ့ဒါကြောင့် အင်္ဂလိပ်စာ စကားလုံးအသစ်တစ်လုံးကိုသိပြီဆိုတာနဲ့ အဲ့ဒါကိုချက်ချင်း အသုံးချပါ။ အသုံးချစရာနေရာမရှိလျှင်လည်း စာကြောင်းတစ်ကြောင်းကိုယ့်ဘာသာတည်ဆောက်ပြီး မှတ်ထားလိုက်ပါ။ အဲ့ဒါဆိုမေ့မှာမဟုတ်တော့ပါဘူး။

(၇)စကားစုတွေကိုလေ့လာသင်ယူပါ

အင်္ဂလိပ်စာကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ခြင်းဟာ မိမိအတွေးအမြင်၊ ခံစားချက်၊ စိတ်ကူးအကြံဉာဏ် တို့ကို ဖော်ပြနိုင်စွမ်းရှိတာကိုဆိုလိုပါတယ်။ ထို့ကြောင့် အင်္ဂလိပ်စာလေ့လာလျှင်စာကြောင်းပြည့်လေ့လာပါ။

အစတွင် မိခင်ဘာသာစကားက စကားစုများကို အင်္ဂလိပ်လိုလေ့လာခြင်းဖြင့် စတင်ပါ။

(၈)သဒ္ဒါကိုအလေးပေးမလေ့လာပါနှင့်

ဘာသာစကားတစ်ခုကိုလေ့လာရင် အဓိကသော့ချက်ကတော့ လေ့လာတာနဲ့လေ့ကျင့်တာညီမျှဖို့ပဲ။ အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်တာက သဒ္ဒါကျွမ်းတာနဲ့တော့မညီမျှပါဘူး။ နိုင်ငံခြားသားတွေတောင် သဒါ္ဒအမှားတွေရှိသေးတာပဲ။ အဲ့တာကြောင့် ခင်ဗျားတို့ရဲ့သဒါ္ဒစာအုပ်တွေကို အဝေးကိုပစ်ထားလိုက်ပါ။

(၉)အမှားလုပ်မိမှာမကြောက်ပါနှင့်

အင်္ဂလိပ်စာဆိုတာ များများပြောလေ ရဲလာလေဖြစ်တယ်။ ဘယ်သူမှလည်း မှန်တယ် မှားတယ်ကိုမကြည့်ပါဘူး။ အဓိကကတော့ တစ်ယောက်နှင့် တစ်ယောက်ဆက်သွယ်ပြောဆိုရာမှာ အဆင်ပြေဖို့ပါပဲ။

(၁၀)မည်သူ့ဆီကမဆို လေ့လာပါ။

အင်္ဂလိပ်စာလေ့လာတာဟာ စာအုပ်မှမဟုတ်ပါဘူး၊ မည်သူ့ဆီကမဆိုလေ့လာနိုင်ပါတယ်။ 

Source: www.fluentu.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။