အခုခေတ်မှာ CV Form မိတ္တူတွေ အထပ်လိုက်ကိုင်ပြီး တစ်ရုံးဝင်တစ်ရုံးထွက် အလုပ်လျှောက်နေသေးတယ်ဆိုရင်တော့ သင့် အလုပ်ရနိုင်ချေ ရှိလာမှာ မဟုတ်ပါဘူးနော်။ Social Media ခေတ်ဖြစ်နေပြီမို့လို့ ရုံးတွေတိုင်းမှာ သင့်ရဲ့ CV Form ကို အချိန်ပေးလက်ခံမယ့်သူ ရှိတော့မှာလည်း မဟုတ်သလို အွန်လိုင်းကနေ အလွယ်တကူ အလုပ်လျှောက်လို့ရနေတာကြောင့်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ပြောသလောက်တော့ မလွယ်ပါဘူး။ အွန်လိုင်းကနေ အလုပ်လျှောက်ပြီဆို First Impression ရဖို့ရော၊ အလုပ်ရဖို့ရောအတွက် သင်သိရမယ့် လိုအပ်ချက်တွေရှိနေပါသေးတယ်။

ပထမဆုံး ဘယ်နားက အလုပ်သွားရှာရမလဲ စဉ်းစားကြတဲ့အခါ သင်တို့နဲ့ အနီးကပ်ဆုံးနေရာမှာ ရှိနေတဲ့ Facebook မှာတင်ပါပဲ။ အလုပ်အကိုင်ရှာဖွေပေးတဲ့ အေဂျင်စီတွေရဲ့ Page တွေ၊ Website တွေနဲ့ Facebook Account တွေကို ရှာဖွေလှန်လှောကြည့်ဖို့ အကြံပေးချင်ပါတယ်။

နောက်တစ်ခုကတော့ ကိုယ်ပိုင် Email တစ်ခုရှိရပါလိမ့်မယ်။ အရင်ကတော့ Facebook ရှိသူတိုင်း Email တစ်ခုဆီရှိကြတယ်ဆိုပေမယ့် အခုနောက်ပိုင်း ဖုန်းနံပါတ်နဲ့ Facebook ဖွင့်လာကြတော့ Email မရှိဘူးဆိုရင်လည်း အလွယ်တကူ Google ထဲကတစ်ဆင့် ဖွင့်လို့ရပါတယ်။ မြန်မာနိုင်ငံမှာ အသုံးအများဆုံး Mail ကတော့ Gmail ဖြစ်ပါတယ်။ အွန်လိုင်းကတစ်ဆင့် အလုပ်လျှောက်တယ်ဆိုတာ Gmail ကတစ်ဆင့် CV Form ပို့တာကို ဆိုလိုပါတယ်။

ဓာတ်ပုံ၊ စာရွက်စာတမ်းတွေအားလုံးကို Scan ဖတ်ထားဖို့နဲ့ Professional ကျတဲ့ CV Form တစ်စောင်ရှိဖို့လိုပါတယ်။ ဒီနေရာမှာ လိုင်စင်ဓာတ်ပုံကိုသာ သုံးပါဖို့ အကြံပေးချင်ပါတယ်။ အလှဓာတ်ပုံတွေက သင့်ကိုအလုပ်ဖြစ်စေမှာ မဟုတ်ပါဘူး။ နောက်ပြီး CV Form ကို ဓာတ်ပုံရိုက်ပြီးပို့တာမျိုးတွေ၊ သက်ဆိုင်ရာစာရွက်စာတမ်းတွေကို ဓာတ်ပုံရိုက်ပြီး ပို့တာမျိုးတွေက သင့်ရဲ့ Image ကို ထိခိုက်စေမှာပါ။ အဲဒီ့အစား Attached File လုပ်ဖို့ အကြံပေးချင်ပါတယ်။

ကဲ ဒါတွေအားလုံးပြည့်စုံတဲ့ အလုပ်လျှောက်လွှာကို ပို့ပေးလိုက်ပြီဆိုရင် ဘာလုပ်ဖို့လိုသေးလဲမေးမယ်ဆိုရင် သင့်ရဲ့ Mail Inbox ကို နေ့စဉ်စစ်ဆေးပေးဖို့ပါပဲ။ သင့်ကို တိုက်ရိုက်ဖုန်းမဆက်ပဲ Email ကနေတစ်ဆင့် Interview ရက်ချိန်းတာမျိုး ရှိတတ်လို့ ဖုန်းကိုစောင့်မနေပဲ Email နေ့စဉ်စစ်ဆေးပေးပါဦးနော်။

သင့် အလုပ်ရှာလို့ရမယ့် Website အချို့ကိုလည်း ဖော်ပြပေးလိုက်ပါမယ်။

Mywork.com.mm

Jobsbi.com.mm

MyJobs.com.mm

work.com.mm

ကဲ ဒါဆိုရင်တော့ အွန်လိုင်းကနေတစ်ဆင့် အလုပ်လျှောက်တဲ့သူတွေထဲမှာ သင်သာ Perfect ဖြစ်နေမှာပါ။

Source : MODA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။