ယနေ့ထိတိုင်အောင်မြင်နေဆဲဝါရင့်သရုပ်ဆောင် မင်းသမီးတစ်လက်ဖြစ်တဲ့ မင်းသမီးချော ခိုင်နှင်းဝေကတော့ သူမရဲ့ အနုပညာအလုပ်တွေထက် ပရဟိတရေးရာအလုပ်တွေကို ပိုလို့ အားပြုလုပ်ဆောင်နေပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ လူထုအတွက် အကောင်းဆုံး တတ်နိင်တဲ့ဘက်ကနေ ထောက်ပံ့မှုတွေပေးနေသူလဲဖြစ်ပါတယ်။ သူမရဲ့လုပ်ရက်တွေဟာ ပရိသတ်တွေသာမကပဲ အနုပညာရှင်များကပါ ချီးကျူးနေရတာပါ။ 

လတ်တလောမှာလည်း " ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ " ကိုဖွင့်လှစ်ထားရှိထားတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မော်လမြိုင်ရေဘေးသင့်တဲ့ပြည်သူတွေအတွက် လိုအပ်တဲ့ကူညီလှူဒါန်းမှုများပြုလုပ်နေတာလည်း ဖြစ်ပါတယ်။ သူမရဲ့လုပ်ရပ်များကိုလည်း ပရိသတ်တွေက မချီးကျူးပဲမမနေနိုင်အောင်ကို ဖြစ်နေတာပါ။ 

မနေ့ညကလည်း သူမရဲ့လူမှုကွန်ယက်စာမျက်နှာတွင် အလှူလေးတစ်ခုကို ဝေမျှထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ " ယနေ့ ကျမရဲ့ ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ ကို အဆိုတော် သရုပ်ဆောင် ကိုမိုးမိုး မိသားစု မှ ကလေး အင်္ကျီများ နှင့် နို့မှုန့် ဘူးများ လာရောက် လှူဒါန်း ခဲ့ပါတယ်ရှင်

အခုလို လာရောက် လှူဒါန်း မှုအတွက် ကျမ ခိုင်နှင်းဝေ နှင့် သားသားမီးမီးလေးတွေမှ ကျေးဇူးအများကြီးတင်ပါတယ်ရှင် " ပဲ ဖြစ်ပါတယ်။ အဆိုတော် မိုးမိုးနဲ့ဇနီးဖြစ်သူကိုယ်တိုင် ကလေးတွေနဲ့ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနေကြတာဟာလည်း မြင်ရသူတိုင်း ကြည်နူးစရာကောင်းလွန်းလှပါတယ်နော်။ ပရိသတ်တွေအတွက် ဒီသတင်းလေးကို ဝေမျှပေးလိုက်ပါတယ်။

Photo - Khine Hnin Wai And Moe Sithu Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။