ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ခိုင်နှင်းဝေကတော့ ချစ်စရာကလေးလေးတွေနဲ့အတူ ပျော်ရွှင်စွာနေထိုင်နေတာပဲဖြစ်ပါတယ်။ခိုင်နှင်းဝေက စိတ်ထားလေးဖြူစင်မွန်မြတ်သူဖြစ်လို့ ပရဟိတအလုပ်ကိုလည်း စွမ်းစွမ်းတမံလုပ်ဆောင်ပြီး အလှူအတန်းတွေလည်း များစွာလုပ်ပါတယ်နော်။ခိုင်နှင်းဝေက အနုပညာအလုပ်တွေလည်း လုပ်ဆောင်နေဆဲဖြစ်လို့ ပရိသတ်တွေကအားပေးချစ်ခင်နေကြဆဲပဲဖြစ်ပါတယ်။

ခိုင်နှင်းဝေစောင့်ရှောက်ထားတဲ့ ကလေးလေးတွေကလည်း "ခိုင်မိသားစု ရိပ်မြုံလေးမှာ မေတ္တာတရားတွေနဲ့ရှင်သန်နေကြတာဖြစ်ပါတယ်။ကလေးလေးတွေကတော့ အခုဆိုရင် တဖြည်းဖြည်းနဲ့အရွယ်ရောက်လာကြပြီး အရမ်းလည်းချစ်စရာကောင်းလာကြပါတယ်။မေမေခိုင်နှင်းဝေကတော့ ကလေးတွေရဲ့အနာဂတ်အတွက် အစစအရာရာသေချာပြင်ဆင်ထားပါတယ်နော်။

အိမ်မှာခေါ်ပြီး မွေးစားထားတဲ့ သမီးချောလေး ရွှန်းရတီခိုင်ကတော့ ခိုင်နှင်းဝေလိုပဲ ပါးချိုင့်လေးနှစ်ဖက်ပါပြီး အရမ်းချစ်စရာကောင်းတဲ့သမီးလေးပါ။ရွှန်းရတီခိုင်လေးက စကားတွေလည်း တီတီတာတာပြောတတ်ပြီး အရမ်းချွဲတတ်လို့ တစ်မိသားစုလုံးရဲ့အသည်းကျော်လေးပါနော်။အခုဆိုရင်လည်း ရွှန်းရတီခိုင်လေးက မျက်နှာပြောင်ပြနေလို့ မေမေခိုင်နှင်းဝေက အရမ်းသဘောကျနေတဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါရစေနော်။

Source:Khine Hnin Wai 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။