ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချောတစ်ဦးဖြစ်တဲ့ အိချောပိုကတော့ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးရင်း အနုပညာလောကကို စတင်လျှောက်လှမ်းလာခဲ့သူလေး ဖြစ်ပါတယ်။ ဇာတ်ရုပ်မရွေးပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်စွမ်းရှိတဲ့ အိချောပိုက ယနေ့အချိန်မှာဆိုရင် အောင်မြင်တဲ့မင်းသမီးတစ်ဦးအဖြစ် ရုပ်ရှင်ဇာတ်ကားကြီးတွေဆက်တိုက်ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။

Photo Credit- Li John Ljl
Photo Credit- Li John Ljl
Photo Credit- Li John Ljl

အခုလတ်တလောမှာလည်း အိချောပိုပါဝင်သရုပ်ဆောင်ထားတဲ့ "အချစ်ဆုံး Crush " ရုပ်ရှင်ဇာတ်ကားကြီးက ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ အိချောပိုနဲ့အတူ မင်းသားမြင့်မြတ်၊ မင်းသမီး သင်ဇာဝင့်ကျော်၊ မင်းသမီး မေမြင့်မိုရ်တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးရဲ့လက်မှတ်ရေးထိုးပွဲ အခမ်းအနားကိုတော့ ပြီးခဲ့တဲ့ သြဂုတ်လ (၂၉) ရက်နေ့က ရန်ကုန်မြို့ရှိ သမ္မတရုပ်ရှင်ရုံကြီးမှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit- Li John Ljl
Photo Credit- Li John Ljl
Photo Credit- Li John Ljl
Photo Credit- Li John Ljl

"အချစ်ဆုံး Crush" ရုပ်ရှင်ဇာတ်ကားကြီးရဲ့လက်မှတ်ရေးထိုးပွဲအခမ်းအနားကိုတော့ မင်းသမီးချော အိချောပိုကလည်း တက်ရောက်လို့လာခဲ့ပါတယ်။ အိချောပိုက သူမရဲ့Facebook စာမျက်နှာထက်မှာ "Morning..မနေ့က Crush ရုပ်ရှင်ကား လတ်မှတ်ထိုးပွဲလေး" ဆိုပြီး သူမရဲ့ပုံရိပ်လေးတွေကို တင်ထားပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အနီရောင်ဖက်ရှင်လေးနဲ့ ပွဲတက်လာတဲ့ အိချောပိုရဲ့အလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source:Ei Chaw Po's Facebook;

Photo Credit- Li John Ljl; 

Photo Credit- Li John Ljl
Photo Credit- Li John Ljl
Photo Credit- Li John Ljl
Photo Credit- Li John Ljl
Photo Credit- Li John Ljl

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။