၂၀၁ရမေလဆန်းတွင် အဆင့်မြင့် ရုပ်ရှင်ရုံများတွင် ရုံတင်ပြသတော့မည့်

"လူများကို ခြောက်လှန့်ရန် တစ္ဆေတစ်ကောင် အလိုရှိသည်။" ရုပ်ရှင်ဇာတ်ကားကြီးနှင့်စပ်လျဉ်းကာအကယ်ဒမီအကြောင်းအရာများထွက်ပေါ်လျှက်ရှိသည်။ 

အဆိုပါ အကယ်ဒမီကိစ္စနှင့်ရုပ်ရှင်ပိုစတာအကြောင်းကို

“တစ္ဆေတစ်ကောင်အလိုုရှိသည် မှ အကယ်ဒမီကိစ္စနဲ့ ပတ်သတ်လိုု့ ကျနော်နဲနဲလေး ရှင်းပြချင်ပါတယ်။ အမှန်တော့ ကျနော်က ပိုုစတာတွေမှာ သရုုပ်ဆောင်နံမည်တွေရေးရင် အကယ်ဒမီတွေ သိပ်တတ်လေ့ မရှိပါဘူး ။ ဒီနှစ်တော့ အမေးဇင်းကိုုကိုုထွန်းထွန်းက ရခါစပူပူနွေးနွေးလေးဖြစ်တော့ သူ့ကိုုနောက်ချင်တာလဲတစ်ပိုုင်း ကုုမဏီကလဲ သတိပေးတာလည်းတစ်ပိုုင်း လောလောလောလောနဲ့ သူ့ရှေ့မှာ အကယ်ဒမီဆိုုပြီး ရေးထဲ့ပေးလိုုက်တာပါ။ ကိုုကျော်ကျော့်ကိုုတော့ ပေါ့ပေါ့လျော့လျော့ကျန်ခဲ့မိပါတယ် ။ ဒါကလည်း အရင်ကတည်းကိုုက ကိုုကျော့်ကျော့်ကားတွေမှာ အကယ်ဒမီထဲ့ရေးလေ့မရှိတာကြောင့်လဲ ပါပါတယ်။ ကိုုကျော်ကျော်မှမဟုုတ်ပါဘူး အကယ်မီရှင် သရုုပ်ဆောင်ကြီးတွေအားလုုံးကိုုပါပဲ ။ ပရိတ်သတ်က သိပြီးသားပဲလေဆိုုတဲ့စိတ်နဲ့ ထဲ့မရေးကြတော့တာပါ ။သူတိုု့က ထည့်ပေးပါဆိုုရင်လည်း ပြန်ထည့်ပေးလိုုက်တာပေါ့နော် ။ ဒီတိုုင်းပါပဲ အန်ကယ်လေးတိုု့ ကိုုရန်လေးတိုု့ နောက်ဆုုံးဗျာ ဦးကျော်တိုု့ ကိုုသားကြီးတိုု့ရှေ့မှာ အကယ်ဒမီဆိုုတာကြီးတွေ တွဲမရေးကြတော့တာ သတိထားမိကြမှာပါ ။ အဲ့ဒါလေးပါ .ဘာကြောင့်ညာကြောင့်ကြီးရယ်တော့ မဟုုတ်ဘူးဆိုုတာ နားလည်ပေးနိုုင်ကြမှာပါ ။ ကိုုကျော့်ကျော့်ပရိတ်သတ်တွေ စိတ်မကောင်းဖြစ်ကြတာကိုုလဲ နားလည်ပါတယ် ။ ကျနော့်ပေါ့လျော့မှုအတွက် ကျနော်ကပဲတောင်းပန်ပါရစေ။ ပြန်လည်းပြင်ထားပြီးသွားပါပြီ ထုုတ်ပြီးသား ဗီနိုုင်တွေလည်း ပြန်လဲထားပြီးပါြ

ပီ ။ အရင် အွန်လိုုင်းပေါ်ရောက်နေတဲ့ ပုုံတွေကလွဲလိုု့ နောက်ပုုံတွေမှာလဲ ပြင်ထားပြီးသားတွေပဲ တင်သွားဖိုု့ ကျနော်တိုု့ စီစဉ်ထားပါတယ်။ ညီအကိုုအားလုုံးပဲ PEACE နော် ။” လို့ ကိုကျော်စွာမှာရှင်းပြခဲ့ပါသည်။

"လူများကို ခြောက်လှန့်ရန် တစ္ဆေတစ်ကောင် အလိုရှိသည်။" ရုပ်ရှင်ဇာတ်ကားကြီး တွင် မင်းမော်ကွန်း၊ ထွန်းထွန်း၊ နိုင်းနိုင်း၊ ကျော်ကျော်ဗို၊ သင်ဇာဝင့်ကျော်၊ စံရတီမိုးမြင့်၊ ဇော်ဇော်အောင်၊ Zell, သက်ထားဝေဇင် (Notra) နှင့် အနုပညာရှင်များစွာ ပါဝင်ရိုက်ကူးထားပြီး

ဒါရိုက်တာ - ညိုမင်းလွင် ပုံဖော်ရိုက်ကူးထားသည်။

Source: MOE Film Production

AYK

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။