ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကိုအပြည့်အဝသိမ်းပိုက်ထားတဲ့ အနုပညာရှင်ကတော့ သရုပ်ဆောင်မင်းသမီးချော မယ်လိုဒီပဲ ဖြစ်ပါတယ်နော်..။

ပရိသတ်တွေအခိုင်အမာနဲ့ အောင်မြင်နေသလို ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့်လည်း ဇာတ်ကားတွေများစွာ ရိုက်ကူးထားပြီး အကယ်ဒမီထူးချွန်ဆုတွေကိုပါ သိမ်းပိုက်ရရှိထားတာလည်း ဖြစ်ပါတယ်နော်..။


Photo Source - Actress Melody fb
Photo Source - Actress Melody fb

အောင်မြင်ခိုင်မာတဲ့ အနုပညာရှင်အဖြစ် ရပ်တည်နေသလို သားလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပြီး ပရိသတ်တွေအားကျရတဲ့ မိသားစုဘဝလေးကို ဖြတ်သန်းနေတာသူလည်း ဖြစ်ပါတယ်နော်..။

အနုပညာလှုပ်ရှားမှုလေးတွေနဲ့ မိသားစုပုံရိပ်လေးတွေကို ပရိသတ်တွေကိုအမြဲမျှဝေလေ့ရှိတဲ့ မယ်လိုဒီကတော့ အခုတစ်ခါမှာလည်း သားသားလေးနဲ့အတူ သီချင်းဆို စကားတွေပြောရင်း Live လွှင့်ခဲ့ပါတယ်..။


Photo Source - Actress Melody fb
Photo Source - Actress Melody fb

မယ်လိုဒီရဲ့ သားလေး သိဒ္ဓိစစ်လေးကလည်း မေမေနဲ့အတူ Live လွှင့်ရင်း ဂီတာတီးပြီး သီချင်းတွေဆိုပြခဲ့တာမို့ Comment တွေမှာ ပရိသတ်တွေကလည်း သားအမိနှစ်ယောက်လုံး ချစ်ဖို့ကောင်းကြတဲ့အကြောင်းလေးတွေ ရေးသားထားကြပါတယ်နော်..။

မယ်လိုဒီကတော့ သူမတို့သားအမိနှစ်ယောက်ရဲ့ Live ဗီဒီယိုဖိုင်လေးကို သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို မျှဝေထားတာပဲ ဖြစ်ပါတယ်နော်..။

Photo Source - Actress Melody fb
Photo Source - Actress Melody fb

Video Source - Actress Melody fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။