ပရိသတ်ကြီးရေ နှုတ်ခမ်းနီမလေးတွေရဲ့အားပေးဝန်းရံခြင်းကိုရရှိထားတဲ့ စိုင်းစိုင်းခမ်းလှိုင်ကိုတော့ အားလုံးသိကြမှာပါနော်။ သူ့ရဲ့သီချင်းလေးတွေဟာလည်း အားလုံးရဲ့ခံစားချက်တွေနဲ့ထပ်တူကျတာကြောင့်လည်း ယနေ့ထက်ထိသူ့သီချင်းလေးတွေက ပရိသတ်တွေကြားမှာ နေရာယူထားဆဲပါ။ 

Photo Credit- Sai Sai Kham Leng Facebook
Photo Credit- Sai Sai Kham Leng Facebook

စိုင်းစိုင်းကတော့ သူချစ်တဲ့ ပရိသတ်တွေနဲ့အတူ Fan Meeting လေးတစ်ခုပြုလုပ်ခဲ့တာပါ။ ဒီပွဲလေးကိုတော့ စိုင်းစိုင်းကိုတွေ့ဆုံရန် ကံစမ်းမဲနှိုက်ကာ ရွေးချယ်ခဲ့တာပဲ ဖြစ်ပါတယ်။ 

Photo Credit- Sai Sai Kham Leng Facebook
Photo Credit- Sai Sai Kham Leng Facebook

စိုင်းစိုင်းနဲ့သူ့ပရိသတ်များဟာ ရန်ကုန်မြို့ ကိုးမိုင်တွင်တည်ရှိတဲ့ Royal Sportainment Complex တွင် ပျော်ပျော်ပါးပါးရေခဲပြင်စကိတ်စီးခဲ့ကြတာပဲ ဖြစ်ပါတယ်။ စိုင်းစိုင်းရဲ့လူမှုကွန်ယက်စာမျက်နှာတွင်လည်း ပရိသတ်တွေနဲ့အတူ စကိတ်စီးနေတဲ့Live Video လေးကို ဝေမျှခဲ့တာပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို ဝေမျှတင်ဆက်ပေးလိုက်ပါတယ်နော်။

Source- Sai Sai Kham Leng Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။