ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးချော စိုးမြတ်သူဇာဟာဆိုရင် အနုပညာလမ်းကြောင်းပေါ်မှာ သူမကိုချစ်တဲ့ပရိသတ်အင်အားနဲ့လျှောက်လှမ်းနေတဲ့သူတစ်ဦးဖြစ်ပါတယ်။မကြီးစိုးလို့ အများကချစ်စနိုးခေါ်ဝေါ်ကြပြီး စိုးမြတ်သူဇာရဲ့ အနုပညာအရည်အချင်းကို ဟိုးအရင်ခေတ်ကတည်းက ပရိသတ်တွေကြိုက်နှစ်သက်ကြတာပါနော်။

Photo Credit:Soe Kyi Phyu'sFacebook
Photo Credit:Soe Kyi Phyu'sFacebook
Photo Credit:Soe Kyi Phyu'sFacebook
Photo Credit:Soe Kyi Phyu'sFacebook

စိုးမြတ်သူဇာကတော့ ညီမတွေဖြစ်တဲ့ စိုးမြတ်နန္ဒာ စန္ဒီမြင့်လွင် စိုးပြည့်သဇင်တို့ကိုလည်း အနုပညာအလုပ်ကို လက်တွဲခေါ်ဆောင်ပြီး အကြံဉာဏ်တွေလည်း ပေးပါတယ်နော်။စိုးမြတ်သူဇာက မောင်နှမတွေအပေါ်မှာ အမကြီးအမိရာ ဆိုသလို နွေးထွေးတဲ့မေတ္တာတွေအပြည့်အဝပေးပြီး စောင့်ရှောက်ပေးတဲ့သူဖြစ်ပါတယ်။စိတ်သဘောထားဖြူစင်ပြီး ရိုးရှင်းပွင့်လင်းလွန်းလို့ မကြီးစိုးကို ပရိသတ်တွေက ချစ်နေရတာဖြစ်ပါတယ်။

Photo Credit:Soe Kyi Phyu'sFacebook
Photo Credit:Soe Kyi Phyu'sFacebook
Photo Credit:Soe Kyi Phyu'sFacebook
Photo Credit:Soe Kyi Phyu'sFacebook

ဒီနေ့လေးဟာဆိုရင်တော့ မကြီးစိုးရဲ့ အသက်(၃၈)နှစ်ပြည့်တဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။မွေးနေ့လေးမှာ မကြီးစိုးက မနက်(၄)နာရီအစောကြီးထပြီး ကိုယ်တိုင်အာရုဏ်ဆွမ်းလောင်းလှူကာ မွေးနေ့ကုသိုလ်တွေယူခဲ့တာဖြစ်ပါတယ်။မကြီးစိုးကတော့ မွေးနေ့လေးမှာ စိတ်ချမ်းသာစွာနဲ့ကုသိုလ်တွေယူခဲ့ပြီး ၃၈နှစ်ပြည့်မွေးနေ့လေးကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့တဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Soe Kyi Phyu'sFacebook
Photo Credit:Soe Kyi Phyu'sFacebook
Photo Credit:Soe Kyi Phyu'sFacebook
Photo Credit:Soe Kyi Phyu'sFacebook

Photo Credit:Soe Kyi Phyu'sFacebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။