ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးချောရတနာကတော့ အခုချိန်မှာဆိုရင် အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာနေတာဖြစ်ပါတယ်။နွေးထွေးတဲ့မိသားစုဘဝလေးကိုတည်ဆောက်ထားတာကြောင့် မိသားစုအတွက်သာအချိန်အပြည့်ပေးရင် အေးချမ်းစွာနေထိုင်နေတာပါ။ချောရတနာရဲ့ညီမချောလေး သန္တာဗိုလ်ကတော့ အနုပညာနယ်ပယ်မှာ လျှောက်လှမ်းနေပါတယ်နော်။

Photo Credit:Chaw Yadanar's facebook
Photo Credit:Chaw Yadanar's facebook
Photo Credit:Chaw Yadanar's facebook

ချောရတနာက ညီမလေးသန္တာဗိုလ်ကိုလည်း အကြံဉာဏ်တွေပေးပြီး လမ်းပြပေးပါတယ်။ချောရတနာကတော့ အနုပညာအလုပ်တွေမလုပ်တော့ပေမယ့်လည်း ချစ်တဲ့ပရိသတ်ကြီးက အားပေးချစ်ခင်နေကြဆဲပါနော်။ချောရတနာက သားသမီးနှစ်ယောက်ကိုမွေးဖွားထားပြီး ကလေးအမေလို့ထင်ရက်စရာမရှိလောက်အာင် လှပနုပျိုနေဆဲပဲဖြစ်ပါတယ်။

Photo Credit:Chaw Yadanar's facebook
Photo Credit:Chaw Yadanar's facebook
Photo Credit:Chaw Yadanar's facebook

ချောရတနာရဲ့သားနဲ့သမီးကလည်း ချစ်မွှေးပါကြလို့ အရမ်းချစ်စရာကောင်းကြပါတယ်နော်။သားကြီးလေးကလည်း ဖခင်နဲ့တူလို့ ချောမောခန့်ညားသလို သမီးငယ်လေး Co Coကလည်း မေမေနဲ့တူလို့ ကြီးလာရင်အရမ်းလှမယ့်ကလေးလေးဖြစ်ပါတယ်။Co Coလေးရဲ့ ချစ်စရာအမူအရာလေးတွေကြောင့် မေမေချောရတနာက သည်းသည်းလှုပ်ချစ်နေရတာပါ။အခုဆိုရင်လည်း Co Coလေးက စတိုင်အပြည့်နဲ့ပဲပေးနေတဲ့ပုံရိပ်လေးကို ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Chaw Yadanar's facebook
Photo Credit:Chaw Yadanar's facebook
Photo Credit:Chaw Yadanar's facebook

Source:Chaw Yadanar's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။