ပရိသတ်ကြီးရေ အဆိုတော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ချစ်သုဝေကတော့ ချစ်စရာအမွှာသမီးလေးနှစ်ယောက်ကိုမွေးဖွားထားပြီး နွေးထွေးတဲ့မိသားစုဘဝလေးကိုတည်ဆောက်ထားတာဖြစ်ပါတယ်။မေတ္တာတရားကြီးမားလွန်းတဲ့ မေမေချစ်သုဝေက သားသမီးချင်းလည်းကိုယ်ချင်းစာတတ်သူဖြစ်လို့ ကလေးတွေနဲ့ပက်သက်ပြီးလည်းတတ်နိုင်သလောက်ကိုကူညီဖေးမပါတယ်နော်။အခုဆိုရင်တော့ ချစ်သုဝေက သူမတွေ့မြင်လိုက်ရတဲ့မြင်ကွင်းလေးနဲ့ပက်သက်ပြီး အခုလိုပဲရေးသားမျှဝေထားပါတယ်နော်။

Photo Credit:Chit Thu Wai's Facebook
Photo Credit:Chit Thu Wai's Facebook
Photo Credit:Chit Thu Wai's Facebook

"မုန့်ဖက်ထုပ်ပူပူလေး...မနေ့ညက သမီးလေးတွေသိပ်ပြီးတော့မုန့်ဖက်ထုပ်စားချင်လာပါရော..ယောကျာ်းကရှာဝယ်ပေးမယ်ဆိုပြီး နေတဲ့ သင်္ဃန်းကျွန်းကနေ နေရာစုံ နောက်ဆုံးတရုတ်တန်းလသာထိ ရှာတယ်ပေါ့လေ..မတွေ့..ဒီနေ့ နေ့လည်ကျ သူကမကျေပွဲ..ကိုယ့်ရှေ့ မုန့်ဖက်ထုပ်ပူပူလေး ရောက်လာတယ်..ဒီည သူခရီးပြန်ထွက်တော့ အိမ်မှာကျန်ခဲ့တဲ့ကိုယ်ဟာ အပူအပင်ကင်းကင်းအိပ်ပျော်နေတဲ့သမီးလေးတွေဘေးမှာ..ယောကျာ်းကိုလွမ်းလို့,, မိသားစုအတူအမြဲနေချင်လို့,, အိမ်စခွဲကာစမို့ မေကြီးတို့ကိုလွမ်းလို့,,တစ်နေကုန် အပြင်အလုပ် အိမ်အလုပ် ပင်ပန်းလို့,,,စထားခါစဖြစ်နေတဲ့စီးပွားရေးလေးအတွက်ရှေ့ရေးတွေတွေးပူလို့,,သမီးလေးတွေရဲ့ရှေ့ရေးအတွက်ပူလို့,,,လောဘပေါင်းများစွာနဲ့ မုန့်ဖက်ထုပ်ကိုစားရင်းတွေးချင်ရာတွေး,,ပူချင်ရာပူနေတုန်း..ကိုယ့်ကွန်ဒိုလေးက ရပ်ကွက်လမ်းပေါ်က အသံကြားမိလိုက်တယ်..

Photo Credit:Chit Thu Wai's Facebook
Photo Credit:Chit Thu Wai's Facebook
Photo Credit:Chit Thu Wai's Facebook

"မုန့်ဖက်ထုပ်ပူပူလေး.." အမျိုးသမီးတစ်ယောက်အသံ,,(ဪ ငါ့နဲ့နော်..စဉ်းစားလို့မဆုံးခင်လေး..)နောက်ထပ်အသံတစ်ခု နောက်ကလိုက်လာတယ်.."မုန့်ဖက်ထုပ်ပူပူလေး.." ၅နှစ်လောက်လို့ခန့်မှန်းရတဲ့ကလေးအသံလေးနဲ့...တံခါးကိုဖွင့် လမ်းပေါ်လှမ်းကြည့်မိတော့...မုန့်ဖက်ထုပ်တောင်းလေးကိုခေါင်းမှာရွက်,,သားလေးကိုလက်ကတစ်ဖက်တွဲ သားအမိ၂ယောက်ကို ကျွန်မမြင်တော့.. မျက်ရည်ဟာအလိုလိုစီးကျလာတယ် ကျွန်မလိပ်ပြာကကိုယ့်ကိုယ်ကိုရှက်စေတယ်.."မုန့်ဖက်ထုပ်ပူပူလေး..." အသံက ဝေးသထက်ဝေး..ကျွန်မအတွေးတွေကကျယ်သထက်ကျယ်...သေချာတာကတော့ ကျွန်မပင်ပမ်းတယ် အနာဂတ်အတွက်တွေးပူတယ်ဆိုတာမျိုးတွေညည်းတွားဖို့ ရှက်တတ်သွားပြီ...လူဆိုတာ ဘယ်လိုအနေအထားမျိုးပဲဖြစ်ဖြစ် ဘဝကိုအရှုံးမပေးပဲ ရုန်းကန်နေရတာမှ ဘဝအစစ် ကလေးလေးတွေအားလုံးရဲ့ဘဝတွေဟာတူညီနေရင်သိပ်ကောင်းမယ်..."ဆိုပြီး ဂရုဏာသက်စွာနဲ့ရေးသားမျှဝေထားပါတယ်နော်။

Photo Credit:Chit Thu Wai's Facebook
Photo Credit:Chit Thu Wai's Facebook
Photo Credit:Chit Thu Wai's Facebook
Photo Credit:Chit Thu Wai's Facebook

Source:Chit Thu Wai's Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။