လခစား ရုံးသမားတွေ အလုပ်သမားတွေတော်တော်များများဟာ လစာထုတ်ပြီဆိုတာနဲ့ ပိုက်ဆံအသုံးမခံတဲ့ ပြဿနာကိုအရမ်းကြုံတွေ့ကြရပါတယ်။ တစ်လတစ်လ လစာသာရသွားတယ် တစ်ပတ်လောက်နေပြီးတာနဲ့ လက်ထဲကျန်ခဲ့တဲ့လစာက (၅)သောင်းတောင်မပြည့်ချင်ဘူး။ တချို့ကအိမ်ကိုထောက်ရတယ် အချို့ကသင်တန်းတက်ရတယ် အချို့ကတော့ Online Shopping တွေအတွက် သုံးရတယ်။ ဒီတော့ မထုတ်ခင်က စုမယ်လို့ရည်စူးထားတာတွေတောင် လေထဲပျောက်ကုန်ကြပါတယ်။ ဒီတော့ ကိုယ်ထုတ်တဲ့ လစာကို ကိုယ်တိုင်စီစစ်ပြီးသုံးနိုင်ဖို့ စုနိုင်ဖို့ နည်းလမ်းကောင်းလေးတွေကိုမျှဝေပေးလိုက်ပါရနော်။

Photo Source : Pngtree

(၁) စုမယ့်ပိုက်ဆံကို မသုံးခင်အရင်ဖယ်ပါ။

ဒါက အဓိကအချက်ပါပဲ။ စုမယ်လို့စဉ်းစားထားခဲ့မယ်ဆိုရင် လက်ထဲကို လစာရပီဆိုတာနဲ့ စုဖို့သပ်သပ်ဖယ်လိုက်ပါ ။ သေရေးရှင်ရှင်ရေးမဟုတ်ရင် ဘယ်နည်းနဲ့မှ ဒီပိုက်ဆံကိုအထိမခံပါနဲ့။ ထိပြီးသွားရင် ပြန်စုဖို့ဆိုတာကလည်းမလွယ်တဲ့အတွက် အရင်ဆုံးစုဖို့ဖယ်ကိုဖယ်ပါ။ (၁)သောင်းရ (၁)သောင်း (၂)သောင်းရ(၂)သောင်းစုပါ။ အဓိကက စုဖြစ်နေဖို့ပါပဲ။

Photo Source : Pngtree

(၂) ပိုက်ဆံမချေးပါနဲ့။

လကုန်ကျရင်ပြန်ပေးမယ်ဆိုပြီး ချေးတာမျိုးလုံးဝမလုပ်ပါနဲ့။ ကိုယ်ကိုယ်တိုင်ကလည်း သူများဆီကမချေးသလို သူများကိုလည်း ကိုယ့်ရဲ့မရှိမဲ့ရှိမဲ့ ပိုက်ဆံလေးတွေကို မချေးလိုက်ပါနဲ့။ ခင်တာချစ်တာတွေကိုဦးစားပေးချင်တယ်ဆိုရင် ကိုယ်တိုင် အရင်ပိုက်ဆံရှိအောင်လုပ်ပါ။ ရှိလို့ပေးတာ ချေးတာအကြောင်းမဟုတ်ပေမယ့် ကိုယ့်မှာမပိုတာကိုချေးပြီး လိုလို့ပြန်တောင်းတဲ့အခါဘယ်နည်းနဲ့မှအဆင်မပြေနိုင်ပါဘူး။

Photo Source : Pngtree

(၃) အစားအသောက်အတွက် အရမ်းပိုက်ဆံအကုန်မခံပါနဲ့။

မစားနဲ့လို့တော့ဆိုလိုတာမဟုတ်ပါဘူး။ စားတာချင်းအတူတူ ဈေးကြီးမှ ဗိုက်ဝတဲ့ အစားအသောက်တွေထက် ဈေးလည်းသင့်တင့်ပြီး ဗိုက်လည်းဝကာစားလို့ကောင်းတာမျိုးလေးတွေကိုရွေးစားစေချင်တာမျိုးပါ။ ဒါမျိုး အစားအသောက်တွေကလည်းအများကြီးရှိပါတယ်နော်။ ကိုယ်မတတ်နိုင်တဲ့ဈေးနှုန်း ဒါမှမဟုတ် ဒါစားလိုက်ရင်ကိုယ်လိုချင်တာထဲကတစ်ခု လျော့သွားမယ်ဆိုရင် ဘာကပိုအရေးကြီးလဲဆိုတာကို ပြန်တွက်စေချင်ပါတယ်။ပြီးတော့အစားအသောက်တိုင်းဟာ ကိုယ်တိုင်လုပ်လို့ရပါတယ်။ အလုပ်ရှုပ်တယ်ထင်ရင်ပိုက်ဆံအပိုကုန်ပါတယ်နော်။သူဋ္ဌေးလိုပွဲတော်တစ်ရက်တည်ပြီး နောက်ရက်တွေ သူများဆီက လိုက်ချေးနေရရင် တကယ်မလွယ်ဘူးလေနော်။ တစ်လတစ်ခါလောက်ကောင်းကာင်းစားတာလောက်ကတော့ စားကိုစားသင့်ပါတယ်။

Photo Source : Pngtree

(၄) Rsတွေသတိပြုပါ။

အပေါ်ကအချက်သုံးချက်က တစ်ကိုယ်တည်းသမားတွေလုပ်လို့ရပေမယ့် Relationship တစ်ခုကိုပိုင်ဆိုင်ထားသူတွေကတော့ ငွေထွက်ပေါက်ပိုများပါတယ်နော်။ ဆိုတော့ ဒါတွေကိုကာမိဖို့ဆိုရင် ကိုယ့်ချစ်သူနဲ့ကိုယ်အတူတူပိုက်ဆံစုဖို့လိုပါတယ်။ တကယ့်လူကုံထံ လူချမ်းသာမျိုးတွေကိုတော့ မပြောလိုပါဘူး။ အနာဂတ်အတွက် အတူတူကြိုးစားနေတဲ့စုံတွဲလေးတွေအတွက်ကတော့ ပိုက်ဆံစုဖို့တကယ်လိုအပ်ပါတယ်နော်။ စားကောင်းတာလေးတွေကို တစ်လမှာ အလွန်ဆုံးနှစ်ခါလောက်အတူတူစားပြီး စုမယ်ဆိုရင် မြန်မြန်နီးစပ်နိုင်ပါတယ်နော်။ ဆိုလိုတာက ဈေးပေါတာလေးတွေကလည်း ချစ်ရတဲ့သူအနားမှာရှိရင် စားကောင်းနေတာပဲမှတ်လား? နောက်တစ်ဖက်ကကြည့်ရင်းလည်း ဒိုးတူဘောင်ဖက်ကြိုးစားနေကြတဲ့ သူတွေဖြစ်တဲ့အတွက်ယုံကြည်မှုတွေကိုပိုတိုးစေပြီး အချစ်တွေလည်း ပိုမိုခိုင်မာလာစေမှာပါနော်။

Photo Source : Pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။