ပရိသတ်တွေအားလုံးရဲ့အားပေးမှုတွေကို တစ်ခဲနက်ရရှိထားသူကတော့ ထိပ်တန်းအနုပညာရှင်တွေဖြစ်တဲ့ ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ဆယ်စုနှစ်တိုင်အောင် အနုပညာအလုပ်တွေကို ကြိုးစားပမ်းစားလုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။  

Photo Credit - Eaindra Kyaw Zin Page
Photo Credit - Eaindra Kyaw Zin Page

သူတို့ဇနီးမောင်နှံနှစ်ယောက်လုံးဟာ သားသမီးတွေကိုလည်း ရင်အုပ်မကွာစောင့်ရှောက်ကြတာလည်း ဖြစ်ပါတယ်။ သုသုလေးနဲ့ဖိုးဓီလေးရဲ့ လှုပ်ရှားမှုဗီဒီယိုလေးတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ဝေမျှလေ့ရှိတာပါ။  

Photo Credit - Eaindra Kyaw Zin Page
Photo Credit - Eaindra Kyaw Zin Page

အခုတစ်ခေါက်မှာလည်း ဖေဖေရဲ့မုတ်ဆိတ်မွေးတွေကို မျက်နှာဖုံးထင်ကာ ဆွဲချွတ်နေတဲ့ ဖိုးဓီလေးရဲ့ ဗီဒီယိုလေးကို အူဝဲရဲ့ FaceBook Page လေးမှာ ဝေမျှထားတာပါ။ ပရိသတ်တွေအတွက် ဖိုးဓီလေးရဲ့ ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source - Eaindra Kyaw Zin Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။