အကယ်ဒမီသရုပ်ဆောင် မင်းသမီးချောလေး ထက်ထက်မိုးဦးကတော့ တစ်ခေတ်တစ်ခါကတည်းကနေ ယနေ့အချိန်အထိ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို ရရှိလာခဲ့သူပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအရာလေးတွေနဲ့ ပြောဆိုတတ်တဲ့ ထက်ထက်မိုးဦးကိုတော့ ပရိသတ်တွေက အသည်းစွဲချစ်ခင်အားပေးနေရတာ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ရပ်နားထားခဲ့တဲ့ ထက်ထက်က အခုတော့ ကြော်ငြာလေးတွေ ဆက်တိုက်ရိုက်ကူးလာပြီ ဖြစ်ပါတယ်။

Photo Credit-Myo Minn Soe's Facebook;
Photo Credit-Myo Minn Soe's Facebook;

လတ်တလောမှာတော့ ထက်ထက်မိုးဦးက ပွဲအခမ်းအနားလေးတွေ တက်ရောက်နေရသလို စိန်ရွှေရတနာဆိုင်ကြော်ငြာလေးတွေလည်း အဆက်မပြတ်ရိုက်ကူးနေရပါတယ်။ အခုလည်း နာမည်ကြီး ဒီဇိုင်နာမျိုးမင်းစိုးက ထက်ထက်နဲ့အတူ ရိုက်ကူးထားတဲ့ Tik Tok ဗီဒီယိုအသစ်လေးတွေကို တင်ပေးထားပါတယ်။ ထက်ထက်နဲ့ ကိုမျိုးမင်းစိုးတို့က မကြာခဏဆိုသလို Tik Tok ဗီဒီယိုလေးတွေ အတူရိုက်ကူးလေ့ရှိတာ ဖြစ်ပါတယ်။

Photo Credit-Myo Minn Soe's Facebook;
Photo Credit-Myo Minn Soe's Facebook;
Photo Credit-Myo Minn Soe's Facebook;

ကိုမျိုးမင်းစိုးက " ထက်ထက်နဲ့Tiktok (တောင်းဆိုကြတဲ့သူတွေများနေလို့တင်လိုက်ပြီနော်) " ဆိုပြီးသူရဲ့လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားတာပဲ ဖြစ်ပါတယ်။ ထက်ထက်တို့နှစ်ယောက်က နာမည်ကြီးသီချင်းလေးတွေကို အတွဲညီညီသရုပ်ဆောင်ပြရင်း ပျော်ပျော်ရွှင်ရွှင်နဲ့ Tik Tok ကစားထားကြတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ထက်ထက်မိုးဦးနဲ့ ဒီဇိုင်နာမျိုးမင်းစိုးရဲ့ Tik Tok ဗီဒီယိုလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Video Credit- Myo Minn Soe's Facebook;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။