ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးချောတစ်ယောက်ဖြစ်တဲ့ ထွန်းအိန္ဒြာဗိုလ်ဟာဆိုရင် တစ်ခေတ်တစ်ခါတည်းက အနုပညာအလုပ်တွေကိုလုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကိုလည်း ရရှိခဲ့ပါတယ်။ထွန်းအိန္ဒြာဗိုလ်ကတော့ ယနေ့အချိန်ထိလည်း အနုပညာလမ်းကြောင်းပေါ်မှာ ရပ်တည်နေပြီး ဝါရင့်အနုပညာရှင်ကြီးတစ်ယောက်အဖြစ် အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

Photo Credit:Mi Mi Khine's Facebook
Photo Credit:Mi Mi Khine's Facebook
Photo Credit:Mi Mi Khine's Facebook

ထွန်းအိန္ဒြာဗိုလ်ကို ပရိသတ်တွေက မခိုင်ကြီးလို့ ချစ်စနိုးခေါ်ဝေါ်ကြပြီး သူမရဲ့အနုပညာအရည်အသွေးတွေကိုလည်း တစ်ခဲနက်အားပေးကြပါတယ်။ထွန်းအိန္ဒြာဗိုလ်ကတော့ ပျော်ရွှင်နွေးထွေးတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး ချစ်ရတဲ့ခင်ပွန်းရယ် သားလေးတစ်ယောက်ရယ်နဲ့အတူ အေးအေးချမ်းချမ်းနေထိုင်နေတာပါနော်။ထွန်းအိန္ဒြာဗိုလ်ရဲ့မိသားစုလေးကို ပရိသတ်တွေကလည်း အရမ်းအားကျကြပါတယ်။

Photo Credit:Mi Mi Khine's Facebook
Photo Credit:Mi Mi Khine's Facebook
Photo Credit:Mi Mi Khine's Facebook

ထွန်းအိန္ဒြာဗိုလ်ရဲ့ တစ်ဦးတည်းသောသားလေးကလည်း ထူးချွန်ထက်မြက်ပြီး ပညာရေးမှာလည်းကြိုးစားသလို အားကစားကိုလည်း လိုက်စားတာကြောင့် မေမေထွန်းအိန္ဒြာဗိုလ်က သားလေးရဲ့ဝါသနာတွေကို အစွမ်းကုန်ပံ့ပိုးပေးပါတယ်။ထွန်းအိန္ဒြာဗိုလ်က သားလေးကို အစစအရာရာလိုလေသေးမရှိအောင် ဂရုစိုက်ပေးတတ်တဲ့မိခင်တစ်ယောက်ဖြစ်တာကြောင့် အခုဆိုရင်တော့"သူ ဝတ်မယ့် အင်္ကျီတွေ အမေ ရွေးပေးရင် မကြိုက်တော့ဘူး..."ဆိုပြီး သားသားရဲ့အကြောင်းလေးကို မျှဝေလာပါတယ်နော်။

Photo Credit:Mi Mi Khine's Facebook
Photo Credit:Mi Mi Khine's Facebook
Photo Credit:Mi Mi Khine's Facebook

Source:Mi Mi Khine's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။