စင်တင်မင်းသမီးလေးအဖြစ် ဗီဒီယိုဇာတ်ကားလေးတွေရိုက်ကူးပြီး အနုပညာလောကကို ဝင်ရောက်လာခဲ့သူလေးကတော့ မင်းသမီးချောလေး အိချောပိုပဲ ဖြစ်ပါတယ်။ မျက်နှာနဲ့ Body လေးကလည်း အချိုးအစားပြေပြစ်လှပသလို သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်တဲ့ အိချောပိုက အချိန်ခဏလေးအတွင်းမှာတင် အောင်မြင်မှုများစွာကို ရရှိလာခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် အိချောပိုက ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရတာ ဖြစ်ပါတယ်။

Photo Credit- ALinn Yaung's Facebook;
Photo Credit- ALinn Yaung's Facebook;
Photo Credit- LiJohn Photography

အခုရက်ပိုင်းမှာတော့ အိချောပိုတစ်ယောက် " အချစ်ဆုံး Crush " ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ပွဲအခမ်းအနားတော်တော်များများကို တက်ရောက်နေရတာ ဖြစ်ပါတယ်။ သူမကိုချစ်တဲ့ ပရိသတ်တွေအတွက် လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ အမြဲလိုလိုတင်ပေးလေ့ရှိတဲ့ အိချောပိုက ဒီနေ့မှာလည်း သူမရဲ့ပုံအသစ်လေးတွေကို မျှဝေလိုက်ပါတယ်။

Photo Credit- Ei Chaw Po's Facebook;
Photo Credit- Ei Chaw Po's Facebook;

အိချောပိုကတော့ လုံလုံခြုံခြုံ ဖက်ရှင်လေးနဲ့ ပကတိအတိုင်း အလှတွေပိုနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကို Facebook Acc မှာတင်ထားတာပဲ ဖြစ်ပါတယ်။ အထူးတလည် ပြင်ဆင်ခြယ်သမှုတွေမရှိတောင်မှ ရိုးရိုးလေးနဲ့ လှပနေတဲ့ အိချောပိုရဲ့ပုံရိပ်လေးတွေကြောင့် ပရိသတ်တွေက ချစ်ခင်အားပေးနေကြတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး အိချောပိုရဲ့အလှပုံရိပ်အသစ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Ei Chaw Po's Facebook;

Photo Credit- Ei Chaw Po's Facebook;
Photo Credit- Ei Chaw Po's Facebook;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။