(၁) လမ်းဘေးဓာတ်ကြိုးတွေနဲ့ ဓာတ်တိုင်တွေကိုသတိပြုပါ။

ဓာတ်ကြိုးကရေအိုင်ထဲ ပြတ်ကျနေရာကနေ မလိုလားအပ်တဲ့ အသက်အန္တရာယ်တွေကြုံတွေ့ခဲ့ရတာတွေကို ပရိတ်သတ်တွေလည်းသိမှာပါနော်။ ဒါကြောင့် ဘယ်သွားသွား ဓာတ်တိုင်တွေနားရောက်ရင် နဲနဲလေးသတိကပ်ပေးသင့်ပါတယ်နော်။ အဓိကက ဓာတ်ကြိုးပြတ်ကျနေတာတို့ နိမ့်ကျနေတာတို့ ကိုတွေ့ရင် တတ်နိုင်တဲ့ဘက်ကနေ လူကြီးတွေကိုအကြောင်းကြားရင်ကြား မဟုတ်ရင်လည်း ဝေးဝေးကသာရှောင်စေချင်ပါတယ်နော်။

Photo Source : Pngtree

(၂) ကားလမ်းတွေမှာ သတိနဲ့သွားပါ။

ပရိတ်သတ်တွေသိတဲ့အတိုင်းပဲ ကားသမားအချို့ဟာ ရာသီမရွေး ကြမ်းကြမ်းတမ်းတမ်းမောင်းတတ်ကြပါတယ်။ ကျန်တဲ့အချိန်တွေသိပ်မသိသာပေမယ့် မိုးတွင်းလိုအချိန်အခါ သမယမျိုးမှာတော့ ကားလမ်းချော်တာတွေကြောင့် ဘီးချော်တာမျိုးတွေဖြစ်ပြီး တိမ်းမှောက်တတ်ပါတယ်။ ဒါကြောင့် ကားလမ်းနားကသွားရင် လမ်းဘေးကပ်ပြီး လူသွားစင်္ကြန်ပေါ်ကနေ စနစ်တကျသွားစေချင်ပါတယ်နော်။ ဒါဆိုရင်တော့ သင့်အသက်အန္တရာယ်အတွက် ၈၀%လောက် ကာကွယ်ပြီးသားဖြစ်သွားမှာပါနော်။

Photo Source : Pngtree

(၃)သစ်ပင်ကြီးတွေအောက်မှာ အကြာကြီးမနေပါနဲ့။

မိုးတွင်းမို့ မုန်တိုင်းတိုက်တာတွေ မိုးသည်းထန်စွာရွာတာတွေက မကြာခဏဆိုသလိုဖြစ်နေမှာပါပဲ။ ဒီတော့ အပင်ကြီးတွေအောက်မှာမိုးဝင်ခိုတာတွေ အပင်ကြီးတွေအောက်ကနေလမ်းလျှောက်သွားလာကြတာတွေနဲ့ ရပ်စကားပြီးစကားပြောတာမျိုးကိုတောင် လုပ်တတ်ကြပါတယ်။ အပင်တွေဆိုတာမျိုးက မိုးဒဏ်လေဒဏ်ကိုနှစ်ပေါင်းများစွာခံထားရပြီး ပိုးတွေခြတွေရဲ့ ဒဏ်ကိုလည်း ခံထားရတဲ့အတွက် လုံးဝSafeမဖြစ်ပါဘူးနော်။ လေလေးခပ်ပြင်ပြင်တိုက်လိုက်ပြီဆိုတာနဲ့ ကျိုးကျနိုင်တာမို့ အပင်ကြီးတွေအောက်ရောက်လေ သတိပိုထားရလေပါပဲ။ ဒါမျိုးအဖြစ်က လမ်းသွားရင်းဖြစ်နိုင်ခြေနဲပေမယ့် ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဖြစ်မှာစိုးရတဲ့အတွက် ဉာဏ်နဲ့ယှဉ်ပြီး သွားလာစေချင်ပါတယ်နော်။

Photo Source : Pngtree

(၄) သတိပြုဖွယ် ဗွက်အန္တရာယ်

မိုးတွင်းဗွက်ထတာ ရေအိုင်တွေပောတာ မထူးဆန်းပေမယ့် ဒီဗွက်ကြောင့်လည်း အသက်အန္တရာယ်ရှိနိုင်သလို လူကိုအကြပ်လည်းဖြစ်စေနိုင်ပါတယ်။ လမ်းသွားရင်းနဲ့ ဘေးနားကနေ ကားတစ်စီး ဗွက်အိုင် (သို့) ရေအိုင်တစ်အိုင်ပေါ်ကို ဖြတ်မောင်းသွားပြီဆိုပါစို့။ ကိုယ်ကတော့ လူသွားစင်္ကြန်ပေါ်ကနေစနစ်တကျသွားပေမယ့် စည်းကမ်းမရှိတဲ့ ကားကြောင့် ကိုယ့်မှာဗွက်တွေအပြည့်စင်သွားပြီလေ။ အိမ်မှာနေရင်း အပြင်ခနထွက်လို့ဖြစ်တာမျိုးက အကြောင်းမဟုတ်ပေမယ့် ရုံးသွား ကျောင်းသွား လူကြားထဲမှာနေရတဲ့အခါမျိုးကျရင် ဒါက ကိုယ့်ရဲ့ သိက္ခာတရားကို အတော်လေးပွန်းပဲ့စေပါတယ်။ ဒီတော့ မိုးတွင်းလို အချိန်မျိုးမှာ သတိရှိရှိနဲ့ သွားတတ်လာတတ်ဖို့က အရေးကြီးပါတယ်ချစ်ပရိတ်သတ်တို့ရေ...

Photo Source : Pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။