ဟာသဉာဏ်ရွှင်တဲ့သူတွေ၊ မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ တွေ့ရင် အမြဲအရွှန်းဖောက်တတ်တဲ့သူရဲ့ ဉာဏ်ရည် IQ levelက အနည်းဆုံး "၈၅ကနေ ၁၁၅" ကြားရှိပါတယ်...။ တစ်ချို့ဆိုရင် "၁၅၄ ကနေ ၁၆၀" အထိ ဦးနှောက်စွမ်းရည် မြင့်မားတာပဲဖြစ်ပါတယ်...။ နားကြပ်နှစ်ဖက်တက်ပြီး အမြဲတမ်းမကြာခဏဆိုသလို သီချင်းနားထောင်တတ်တဲ့ သူတွေက အပြင်လောကနဲ့ အဆက်အသွယ်ပြတ်နေတတ်ကြပေမယ့် အာရုံစူးစိုက်မှုအားကောင်းပြီး ဉာဏ်ရည်၊ ဉာဏ်သွေးမှာတော့ သူများထက် တစ်ဗန်းသာသူတွေပဲဖြစ်ကြပါတယ်...။

Photo Credit pngtree

လုပ်ငန်းခွင်မှာ smart ကျကျနဲ့ အလုပ်လုပ်တတ်တဲ့သူတွေက ဉာဏ်ကောင်းတဲ့အထဲမှာ တစ်ဦးအပါအဝင်လို့ ပြောလို့ရပါတယ်...။ အများအမြင်မှာ အလုပ်တွေကို သဲကြီးမဲကြီးနဲ့ ကြိုးစားပမ်းစားလုပ်ပြနေတာမဟုတ်ပဲ သာမာန်အတိုင်း အေးအေးဆေးဆေးလေး ကိုယ့်တာဝန်ကိုယ်ကျေအောင် လုပ်ဆောင် တတ်သူတွေကို ဆိုလိုတာဖြစ်ပါတယ်....။ ရှေးစာပေကျမ်းဂန်တွေအရ "မှန်ကန်တဲ့ အဖြေကို အမြဲရှာဖွေနေတတ်ပြီး၊ အမှားကိုလည်းဝန်ခံရဲတဲ့"သူတွေက ရဲစွမ်းသတ္တိအပြည့်ရှိကြတဲ့အပြင် ဉာဏ်ပညာကြီးမားခြင်းဆိုတဲ့ ဂုဏ်ရည်ကိုလည်း ပိုင်ဆိုင်ထားသူတွေဖြစ်ပါတယ်....။ ဉာဏ်ကောင်းတဲ့သူတွေက ချောကလက်ကို နှစ်ခြိုက်စွာ စားသုံးတတ်ကြပြီး၊ စကားများများ မပြောတဲ့သူတွေကလည်း IQ level မြင့်သူတစ်ယောက်ပဲဖြစ်ပါတယ်...။

Photo Credit pngtree
Photo Credit pngtree

"တစ်စုံတစ်ယောက်က ဉာဏ်ကောင်းတယ်ဆိုရင် ကံကောင်းပြီး မွေးရာပါ အစွမ်းအစလို့" အချို့သောလူတွေက မကြာခဏဆိုသလို ပြောလေ့ရှိကြပေမယ့် ဒါကအမြဲမှန်ကန်တဲ့ ကိစ္စလို့တော့ ဆိုလို့မရပါဖူးနော်....။ ဉာဏ်ရည်၊ ဉာဏ်စွမ်းမြင့်တယ်ဆိုတာ "မျိုးရိုးလိုက်တာရှိသလို"၊ "ကျင့်ယူမယ်ဆိုလည်း" ဖြစ်နိုင်ပါတယ်....။ အထက်မှာဖော်ပြခဲ့တဲ့ ဉာဏ်ရည်မြင့်မားသူတွေ အများဆုံးပြုလုပ်လေ့ရှိတဲ့ အရာတွေကိုလေ့လာဆည်းပူးပြီးလေ့ကျင့်နိုင်သလို အကယ်၍ စာဖတ်ပရိသတ်ကြီးက ထိုအရာတွေကို နေ့တဒူဝ ကိစ္စလို့ပဲ သတ်မှတ်ပြီး ပြုလုပ်နေတယ်ဆိုရင်လည်း IQ level မြင့်သူတစ်ယောက်လို့ ဆိုနိုင်ပါတယ်နော်....။

Photo Credit pngtree

Photo Credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။