Mobile Legends : Bang Bang ဆိုတဲ့ Game ကိုလူငယ်တိုင်းနီးပါး သိကြသလို ဆော့လဲ ဆော့ကြမှာပါ။ Game ဟာတစ်ခေတ်တစ်ခါကတော့ မှေးမိန်နေခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အဆင့်မြင့်ပြောင်းလဲမှုတွေနဲ့အတူ လူတွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဆော့ကစားနိုင်တဲ့ဟာတွေကတော့ iOS နဲ့ Android ပေါ်မှာ ကစားနိုင်ပါတယ်။ ဖုန်းထဲမှာ ထည့်ပြီးကစားလို့ကောင်းတဲ့ Game တွေထဲက တစ်မျိုးဖြစ်ပြီး MOBA အမျိုးအစား Game ဖြစ်ပါတယ်။ 

Photo Credit : Screenshot From Mobile Legends : Bang Bang Game
Photo Credit : Screenshot From Mobile Legends : Bang Bang Game

MOBA ဂိမ်းအမျိုးအစားဆိုတော့ ကိုယ့်သူငယ်ချင်း အပေါင်းအသင်း မိတ်ဆွေ ချစ်သူတွေနဲ့ ချိတ်ပြီး ဆော့ကစားနိုင်ပါတယ်။ အဲ့လိုမျိုးဆော့ကစားရတဲ့အတွက် ပျော်ရွှင်ရပါတယ်။ Game ထဲမှာလဲ Mode အမျိုးမျိုးရှိကြကာ အဲ့ Mode တွေကတော့ Classic, Rank, Brawl တွေအပြင် တခြားသော Custom Mode, Survival Mode စသဖြင့်ရှိပါသေးတယ်။ အဲ့အပြင် အချိန်နဲ့အလိုက် Mode အသစ်တွေ လာလေ့ရှိတာမို့ ဆော့လို့ကောင်းပါတယ်။  

Photo Credit : Screenshot From Mobile Legends : Bang Bang Game
Photo Credit : Screenshot From Mobile Legends : Bang Bang Game

တစ်ဖက်ကို ငါးယောက် ငါးယောက် ကစားနိုင်ပါတယ်။ ဒါပေမဲ့ Classic, Brawl စတာတွေမှာတော့ သူငယ်ချင်းနဲ့အတူတူ ဆော့မယ်ဆိုရင် ၂ယောက်ဖြစ်ဖြစ် ၃ယောက်ဖြစ်ဖြစ် ၄ ယောက်ဖြစ်ဖြစ် ခေါ်ယူကစားနိုင်ပါတယ်။ Rank မှာဆိုရင်တော့ ကိုယ်အပါအဝင် ၄ယောက်ဖြစ်နေရင် ဆော့လို့မရပါဘူး။ ၅ယောက်ဒါမှမဟုတ် ၃ယောက်ဆိုမှဆော့လို့ရပါတယ်။ အရှေ့တောင်အာရှနဲ့ အာဆီယံနိုင်ငံတော်တော်များများမှာ ဆော့ကစားကြတာများပါတယ်။ ခု Game ဟာဆိုရင်လဲ Sea Game ထဲမှာ ပါဝင်တာမို့ လူအများရဲ့ ကျေနပ်ခြင်းကိုခံနေရပါတယ်။ 

Photo Credit : Screenshot From Mobile Legends : Bang Bang Game
Photo Credit : Screenshot From Mobile Legends : Bang Bang Game

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။