ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော်သရုပ်ဆောင် နန်းသူဇာကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်..။

အဆိုပိုင်းနဲ့ ဂီတပိုင်းတွေမှာ အောင်မြင်မှုတွေနဲ့ ရရှိထားသလို သရုပ်ဆောင်ပိုင်းမှာလည်း ဇာတ်ကားတွေ ရိုက်ကူးထားပြီး ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကိုလည်း အခိုင်အမာရရှိထားတာ ဖြစ်ပါတယ်..။


Photo Credit - Nann Thuzar Facebook
Photo Credit - Nann Thuzar Facebook

အောင်မြင်ကျော်ကြားတဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ဦးဖြစ်သလို အဆိုတော်ကျော်ထွဋ်ဆွေနဲ့အတူ သာယာပျော်ရွှင်တဲ့ အချစ်ရေးလေးကိုလည်း ပိုင်ဆိုင် ဖြတ်သန်းနေသူ ဖြစ်ပါတယ်..။

နန်းသူဇာလေးကတော့ အခုတစ်ခါမှာလည်း ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ ဆော့ကစားပြလိုက်တဲ့ Tik Tok ဗီဒီယိုလေးကိုလည်း သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ မျှဝေလိုက်ပါတယ်..။


Photo Credit - Nann Thuzar Facebook
Photo Credit - Nann Thuzar Facebook

“Tik Tok account လေး ပြန် အသက်သွင်း..” ဆိုပြီး တီးလုံးခပ်မြူးမြူးလေးနဲ့ ချစ်စရာကောင်းစွာ ဆော့ကစားပြလိုက်တဲ့ နန်းသူဇာရဲ့ Tik Tok ဗီဒီယိုဖိုင်လေးကိုတော့ ပရိသတ်တွေကလည်း Comment လေးတွေမှာ ရေးသားပြောထားကြတာ တွေ့ရပါတယ်..။

ဒီကနေ့လေးမှာတော့ ချစ်ရတဲ့နန်းသူဇာရဲ့ ချစ်ပရိသတ်တွေအတွက်လည်း သူမရဲ့ Tik Tok ဗီဒီယိုဖိုင်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Nann Thuzar Facebook
Photo Credit - Nann Thuzar Facebook

Photo Credit - Nann Thuzar Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။